အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က ဘုန်းမောက်ကို ရှုံးမယ်လို့ ခန့်မှန်းချက် ထုတ်တဲ့ ဘီဘီစီ ခရစ်ဆက်တန်

မန်ချက်စတာ ယူနိုက်တက်က ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက် အသင်းနဲ့ တွေ့ဆုံနေပြီး လာမယ့် တနင်္ဂနွေနေ့ ည ၈နာရီခွဲ အချိန် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ ဘုန်းမောက်တို့ ပွဲစဉ် အတွက် ကြိုတင်သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ပြီးခဲ့တဲ့အပတ် မန်ချက်စတာ ဒါဘီပွဲ အပြီး ယူနိုက်တက် ပရိသတ်တွေ ပြုံးပျော်နေပေမယ့် သူတို့က အဆင့် ၁၃ မှာပဲ ရှိပါသေးတယ်။ ဘုန်းမောက် ထက် အဆင့် ၇ ဆင့် အောက် ရောက်နေတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ အိုးထရက်ဖို့ဒ်မှာ ဒီလိုပွဲ ကျွန်တော် ရှိနေခဲ့ပါတယ်။ အဲဒီတုန်းက ချယ်ရီတွေ (ဘုန်းမောက်)က နိုင်ခဲ့တယ်။

အမ်မိုရင်း ရောက်လာတည်းက အာမက် ဒီယာလိုဟာ ထူးချွန်လွန်းနေပေမယ့် ယူနိုက်တက်ကတော့ သာမာန် အသင်း တစ်သင်း ပုံစံပဲ ရှိနေပါသေးတယ်။ ဒီပွဲလည်း မနှစ်ကပွဲလို ဘုန်းမောက်ပဲ အသာရသွားမယ် လို့ ကျွန်တော် ထင်တယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ ကျွန်တော် နိုင်မယ် ပြောပြော၊ ရှုံးမယ် ပြောပြော ဒေါသထွက်နေကြတော့တာပဲ။ ဆိုရှယ်မီဒီယာမှာတော့ ပြောဆိုနေကြမှာပါပဲ။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၁-၂ ဘုန်းမောက်။