နည်းပြ အမ်မိုရင်းရဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဆုံး ကစားသမား ခေါ်ယူမှု
မန်ချက်စတာ ယူနိုက်တက်ဟာ ဆောင်းရာသီ ဈေးကွက်မှာ သေချာပေါက် လူသစ် ခေါ်ယူမှာဖြစ်ပြီး နည်းပြသစ် အမ်မိုရင်း အတွက် အင်အားဖြည့်မှု ပြုလုပ်ပေးမှာပါ။
နိုဝင်ဘာမှာ အဲရစ် တန်ဟက်နေရာ အစားဝင်လာတဲ့ အမ်မိုရင်းဟာ ယူနိုက်တက် လူစာရင်းကို ပြန်လည် စုဖွဲ့မှု ပြုလုပ်နေတာပါ။
လာမယ့် ဇန်နဝါရီ ဆောင်းရာသီ ဈေးကွက်မှာတော့ ကစားသမား အချို့ကို ရောင်းထုတ်ကာ လူသစ် ပြန်ခေါ်ယူမှု ပြုလုပ်သွားဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ တိုက်စစ်သမားသစ်နဲ့ ဘယ်အစွန်လူသစ်တို့ကို ခေါ်ယူလိုနေပြီး ဘုန်းမောက်အသင်းမှ မီလိုစ့်ကာဇ့်ကို လီဗာပူးနဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။
အမ်မိုရင်းလက်ထက် ယူနိုက်တက်ရဲ့ ပထမဆုံးသော လက်မှတ်ထိုးမှု ဖြစ်လာနိုင်သူကတော့ ပါရာဂွေးကလပ် Cerro Porteno အသင်းမှာ ကစားနေတဲ့ အသက် ၁၇ နှစ်အရွယ် ဘယ်အစွန်-တောင်ပံသမား Diego Leon ပဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူရေး အကြိုသဘောတူမှု အားလုံးကို ပြီးမြောက်ထားပြီဖြစ်ကာ ၂၀၂၅ ဇူလိုင်မှာ အင်္ဂလန်ကို တရားဝင် ကူးပြောင်းလာဖို့ ရှိပါတယ်။
ပါရာဂွေး ကြယ်ပွင့်အတွက် ယူနိုက်တက်ဟာ ပေါင် ၆ သန်း ဝန်းကျင် အကုန်အကျခံ ခေါ်ယူခြင်းဖြစ်ကာ Leon အသက် ၁၈ နှစ်ပြည့်မယ့် ၂၀၂၅ ခုနှစ် ဧပရယ်လမှာ တရားဝင် စာချုပ်ပေးသွားဖို့ ရှိပါတယ်။