အမ်မိုရင်းရဲ့ ယူနိုက်တက်က ဝုဗ်ကို အဝေးကွင်းမှာ နိုင်မယ်လို့ မပြောရဲဘူး ဆိုတဲ့ ဘီဘီစီ ခရစ်ဆက်တန်

မန်ချက်စတာ ယူနိုက်တက်က ဘောက်ဆင်ဒေး ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ လာမယ့် ကြာသပတေးနေ့ ည ၁၂ နာရီတိတိ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ မှ ခရစ်ဆက်တန် က ဝုဗ် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ်ထားပါတယ်။

” ရူဘန် အမ်မိုရင်း အသင်းကို ကြည့်ရင် ဝုဗ်ကို နိုင်မယ်လို့ ဘယ်သူက ပြောရဲမှာလဲ။ ဒီပွဲမှာလည်း သိပ်ကြီး ထူးခြားမယ် မထင်ဘူး။

အမ်မိုရင်း အတွက်တော့ ကျွန်တော် စိတ်မကောင်းဘူး။ ဒီရာထူးအတွက် သူ ရင်ခုန်စိတ်လှုပ်ရှားစွာ လာခဲ့မှာပဲ။ ဒါပေမယ့် တစ်ပတ်လောက် အကြာမှာ သူ့တာဝန်က ဘယ်လောက်ကြီးလေး များပြားသလဲ သူ သိလောက်ပြီ။

ယူနိုက်တက်က ဒီလူစာရင်းကို တည်ဆောက်ဖို့ ငွေတွေ အများကြီး ဖြုန်းခဲ့တာ။ အမ်မိုရင်းကတော့ သူ့ရဲ့ အကောင်းဆုံး ဖြစ်မယ့် ပွဲထွက် ၁၁ ယောက်ကို ရှာတုန်း ပြောနေတာပဲ။

သူ့အတွက်တော့ အခုက အစမ်းကာလပေါ့။ ဒါပေမယ် သူက မားကပ် ရက်ဖို့ဒ် အနာဂတ် ကိစ္စတွေထိပါ သူ ထည့်တွေးရတော့မှာပါ။ သူ ဖြေရှင်းစရာတွေ အများကြီး။

ဝုဗ်က ဘယ်လိုလာမလဲ ဆိုတာလည်း တွေးရဦးမှာ၊ ဒါကလည်း ခက်ခဲတယ်။

ယူနိုက်တက် ခြေစွမ်း ညံ့ဖျင်းနေပေမယ့် ဝုဗ်ကလည်း ဒီပွဲ နိုင်မယ်လို့ ကျွန်တော် မရွေးချယ်ပါဘူး။ ပွဲကတော့ သူမသာ ကိုယ်မသာ ရှိမယ်။ သရေပဲ ကျသွားမယ် ဆိုတာ ဇာတ်ညွှန်းထွက်ပြီးသားပဲ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ ဝုဗ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။