ဘောက်ဆင်ဒေးပွဲတွေမှာ သမိုင်းမှတ်တမ်းတွေ အရ အအောင်မြင်ဆုံး အသင်း ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်
သမိုင်းမှတ်တမ်းတွေ အရ ခရစ္စမတ် အပြီး ဘောက်ဆင်ဒေးမှာ အအောင်မြင်ဆုံး ပရီးမီးယားလိဂ်ကလပ် က မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်နေပါတယ်။
ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ မှာ ရပ်တည်နေတဲ့အသင်း ဖြစ်နေပါတယ်။
ဘောက်ဆင်ဒေးမှာ အအောင်မြင်ဆုံးအသင်းကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃၂ ရာသီ နိုင်ပွဲနှင့် ရှုံးပွဲတွေကို စာရင်းပြုစုပြီး ဖော်ထုတ်လာတာလည်း ဖြစ်ပါတယ်။
ယခု စာရင်းမှတ်တမ်းပြုစုမှုအရ ဘောက်ဆင်ဒေးမှာ နိုင်ပွဲအများဆုံး ရယူနိုင်တဲ့အသင်းအဖြစ် ယူနိုက်တက်က ရပ်တည်နေတာ တွေ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အခြားကလပ်များထက် ဘောက်ဆင်ဒေးမှာ နိုင်ပွဲပိုမို ရယူနိုင်ပြီး ပရိသတ်တွေကို ခရစ္စမတ် လက်ဆောင်ပေးနိုင်တာ တွေ့ရပါတယ်။
ယူနိုက်တက်ဟာ ဘောက်ဆင်ဒေးမှာ နိုင်ပွဲ ၂၁ ပွဲအထိ ရယူထားနိုင်သလို ဒီဇင်ဘာလ ၂၆ ရက်နေ့ ဘောက်ဆင်ဒေးပွဲစဉ်တွေမှာ ၇၆ ဂိုးအထိ ဂိုးအများဆုံးသွင်းယူနိုင်တဲ့အသင်းအဖြစ်လည်း ရပ်တည်ထားနိုင်ပါတယ်။
တဖက်မှာ နယူးကာဆယ်ကတော့ ဘောက်ဆင်ဒေးမှာ မအောင်မြင်ဆုံးအသင်းအဖြစ် ၃၂ ပွဲမှာ ၁၅ ပွဲ ရှုံးနိမ့်ထားပြီး ပေးဂိုးကလည်း ၄၅ ဂိုးအထိ အများဆုံး ပေးထားရပါတယ်။
ဘောက်ဆင်ဒေးမှာ အအောင်မြင်ဆုံးအသင်းစာရင်းမှာ မန်စီးတီး၊ အဲဗာတန်၊ ချဲလ်ဆီးနှင့် အက်စတွန်ဗီလာတို့လည်း ပါဝင်နေပါတယ်။