၁ဝ သန်းတောင် မတန်တော့တဲ့ မားကပ် ရက်ဖို့ဒ်၊ အာဆင်နယ်ကလည်း သူ့ကို ခေါ်ချင်မှာ မဟုတ်ဘူး လို့ ဂိုးသမားဟောင်းကြီး တည့် ပြော
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ်ဟာ ပေါင် ၁၀ သန်းတောင် မတန်တဲ့ ကစားသမား ဖြစ်ကြောင်း အင်္ဂလန်နဲ့ မန်ယူ ဂိုးသမားဟောင်း ဖော်စတာကတော့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်း ဂိုးသမားဟောင်း ဖော်စတာဟာ ရက်ရှ်ဖို့ဒ်အကြောင်း ကောင်းကောင်း သိရှိထားသူ တစ်ယောက် ဖြစ်ပြီး လက်ရှိ ရက်ရှ်ဖို့ဒ်ရဲ့ အရည်အသွေးတွေ အပေါ်မှာလည်း အလွန်စိတ်ပျက်နေသူ တစ်ယောက် ဖြစ်ပါတယ်။
ဖော်စတာက “ ရက်ရှ်ဖို့ ကောင်းခဲ့တဲ့ အချိန်တွေက ဘယ်လိုမျိုးလဲဆိုပြီး ပရိသတ်တွေက ပြန်ပြီး စားမြုံ့ပြန်ချင် ပြန်နေပါလိမ့်မယ်၊ သူ့ရဲ့ ကောင်းတဲ့ အချိန်ဆိုတာက ဆယ်ပွဲကစား တစ်ပွဲထကောင်း အဲ့လို ပုံစံမျိုးပါပဲ။
အာဆင်နယ် အသင်းနည်းပြ အာတီတာကလည်း သူ့ကို ကစားသမားမျိုးကို လိုချင်မှာမဟုတ်ပါဘူး၊ ကျွန်တော့်အထင် သူအသင်းပြောင်းရင် မေဂျာလိဂ်လို ပြိုင်ပွဲမျိုးကိုပဲပြောင်းသွားနိုင်ပါတယ်၊ သူ့ရဲ့ လစာကလည်း ဝန်ထုတ်တစ်ခု ဖြစ်နေပါသေးတယ်။
လူတွေက သူ့ရဲ့ တန်ကြေးကို ပေါင် သန်း ၄၀ ဝန်းကျင်နဲ့ ပြောဆိုနေကြပေမယ့် ကျွန်တော့်အထင် သူ့ရဲ့လက်ရှိ စွမ်းဆောင်ရည်တွေအရ ပေါင် ၁၀ သန်းလောက်ပဲ တန်မှာပါ၊ ကျွန်တော်ဆို ပေါင် ၁၀ သန်းတောင် သူ့အတွက် မပေးလိုပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
စိန်ခေါ်မှုအသစ်တွေ လိုချင်နေကြောင်း ပြောဆိုခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ အချိန်အထိ အသင်းလူစာရင်းထဲ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးပဲ အသင်းဘက်က လာမယ့်ဆောင်း အပြောင်းအရွှေ့မှာ ကစားသမားကို ရှင်းထုတ်လိုနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။