ဖရက် အနင်းခံရပြီး ကသောင်းကနင်းတွေ ဖြစ်တဲ့ ဒီဂီယာကို ရှက်စရာပဲ လို့ ပေါစခိုးလ်နဲ့ ရိုက် ဝေဖန်
ညက အိုးထရက်ဖို့ဒ်မှာ မန်ယူက အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ထိုပွဲမှာ ဦးဆောင်ဂိုးပေးခဲ့ရတဲ့အပေါ် မန်ယူနိုက်တက် ဂိုးသမား ဒီဂီယာ အဖြစ်က ရှက်စရာကောင်းတယ်လို့ ပေါလ်စခိုးလ်နဲ့ အီယန်ရိုက်တို့က ဝေဖန်ခဲ့ကြပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် အစောပိုင်း ထောင့်ကန်ဘောမှာ အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှုကို ကာကွယ်ရင်း ဖရက် က ဒီဂီယာ ကို နင်းမိခဲ့တာပါ။ ဒီဂီယာ နာကျင်ပြီး လဲကျနေချိန်မှာပဲ စမစ်ရိုးက ဧရိယာအပြင်ကနေ ယူနိုက်တက်ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့ပါတယ်။ အစပိုင်းမှာတော့ ကွင်းလယ်ဒိုင် အက်ကင်ဆန်က ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့သေးတာပါ။
ဒါပေမယ့် VAR နဲ့ ပြန်လည်ဆုံးဖြတ်ပြီးချိန်မှာတော့ အာဆင်နယ်ဘက်ကို ဂိုးပေးခဲ့ပါတယ်။ ဒီဂိုးအတွက် ဝေဖန်သံတွေ ဆူညံခဲ့ပေမယ့် ပေါလ်စခိုးလ်နဲ့ အီယန်ရိုက်တို့ကတော့ ဒီဂီယာကို အခုလိုပဲ ဝေဖန်ခဲ့တာပါ။
ပေါလ်စခိုးလ်က “ဒီဂီယာရဲ့ လုပ်ရပ်က ရှက်စရာပါ။ မင်းက မင်းဂိုးပေါက်ကို ကာကွယ်ဖို့၊ ဂိုးမဝင်ဖို့ အရာအားလုံးကို လုပ်ရမှာလေ။ စမစ်ရိုးရဲ့ လုပ်ရပ်က မမှားပါဘူး။ သူက ဂိုးပေါက်ကိုတောင်မကြည့်ဘဲ သူ့ဘာသာ ကန်လိုက်တာပါ။ ဒီဂိုးက ပေးသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
အီယန်ရိုက်ကလည်း “ဂိုးပေးလိုက်ရပြီးတော့ ဒီဂီယာ ဒိုင်လူကြီးကို ဘယ်လိုတုံ့ပြန်လဲ ခင်ဗျားတို့ မြင်မှာပါ။ ဖရက် သူ့ကို နင်းလိုက်တာက ဒီလောက်ထိ လဲကျသွားစရာ မရှိပါဘူး။ ကျနော့်အတွက်လည်း ဒါက ရှက်စရာပါပဲ။ ဒီဂီယာ အနေနဲ့ ပြန်ထပြီး စမစ်ရိုးရဲ့ ကန်ချက်ကို ကာကွယ်ဖို့ ကြိုးစားသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ZG
ညက အိုးထရက္ဖို႔ဒ္မွာ မန္ယူက အာဆင္နယ္ကို ၃-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ ထိုပြဲမွာ ဦးေဆာင္ဂိုးေပးခဲ့ရတဲ့အေပၚ မန္ယူႏိုက္တက္ ဂိုးသမား ဒီဂီယာ အျဖစ္က ရွက္စရာေကာင္းတယ္လို႔ ေပါလ္စခိုးလ္နဲ႔ အီယန္႐ိုက္တို႔က ေဝဖန္ခဲ့ၾကပါတယ္။
ဒီပြဲရဲ႕ ပြဲကစားခ်ိန္ အေစာပိုင္း ေထာင့္ကန္ေဘာမွာ အာဆင္နယ္ရဲ႕ တိုက္စစ္ဆင္မႈကို ကာကြယ္ရင္း ဖရက္ က ဒီဂီယာ ကို နင္းမိခဲ့တာပါ။ ဒီဂီယာ နာက်င္ၿပီး လဲက်ေနခ်ိန္မွာပဲ စမစ္႐ိုးက ဧရိယာအျပင္ကေန ယူႏိုက္တက္ဂိုးေပါက္ထဲကို ကန္သြင္းယူခဲ့ပါတယ္။ အစပိုင္းမွာေတာ့ ကြင္းလယ္ဒိုင္ အက္ကင္ဆန္က ျပစ္ဒဏ္ေဘာ သတ္မွတ္ခဲ့ေသးတာပါ။
ဒါေပမယ့္ VAR နဲ႔ ျပန္လည္ဆုံးျဖတ္ၿပီးခ်ိန္မွာေတာ့ အာဆင္နယ္ဘက္ကို ဂိုးေပးခဲ့ပါတယ္။ ဒီဂိုးအတြက္ ေဝဖန္သံေတြ ဆူညံခဲ့ေပမယ့္ ေပါလ္စခိုးလ္နဲ႔ အီယန္႐ိုက္တို႔ကေတာ့ ဒီဂီယာကို အခုလိုပဲ ေဝဖန္ခဲ့တာပါ။
ေပါလ္စခိုးလ္က “ဒီဂီယာရဲ႕ လုပ္ရပ္က ရွက္စရာပါ။ မင္းက မင္းဂိုးေပါက္ကို ကာကြယ္ဖို႔၊ ဂိုးမဝင္ဖို႔ အရာအားလုံးကို လုပ္ရမွာေလ။ စမစ္႐ိုးရဲ ႕ လုပ္ရပ္က မမွားပါဘူး။ သူက ဂိုးေပါက္ကိုေတာင္မၾကည့္ဘဲ သူ႔ဘာသာ ကန္လိုက္တာပါ။ ဒီဂိုးက ေပးသင့္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။
အီယန္႐ိုက္ကလည္း “ဂိုးေပးလိုက္ရၿပီးေတာ့ ဒီဂီယာ ဒိုင္လူႀကီးကို ဘယ္လိုတုံ႔ျပန္လဲ ခင္ဗ်ားတို႔ ျမင္မွာပါ။ ဖရက္ သူ႔ကို နင္းလိုက္တာက ဒီေလာက္ထိ လဲက်သြားစရာ မရွိပါဘူး။ က်ေနာ့္အတြက္လည္း ဒါက ရွက္စရာပါပဲ။ ဒီဂီယာ အေနနဲ႔ ျပန္ထၿပီး စမစ္႐ိုးရဲ႕ ကန္ခ်က္ကို ကာကြယ္ဖို႔ ႀကိဳးစားသင့္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။