ဒီရာသီ အနီ ၃ကတ် ပြည့်သွားတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ပြန်ပါဝင် ကစားနိုင်မယ့် ပွဲ

မန်ချက်တာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ လာမယ့်အပတ် လီဗာပူးနှင့် ရင်ဆိုင်ကစားရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပြန်လည် ကစားလာနိုင်ပါမယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ဝုဗ်နှင့်ပွဲစဉ်တွင် ယခုရာသီ တတိယမြောက် အနီကတ်အဖြစ် ပြသခြင်းခံခဲ့ရပါတယ်။

ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်သမားဟာ ဝုဗ်နှင့်ပွဲစဉ်တွင် နှစ်ဝါပြသခြင်းခံရပြီးနောက် ဒုတိယအပိုင်းအစ စက္ကန့် ၉၀ မှာပင် အထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ပရိသတ်များအနေဖြင့် ဘရူနိုဖာနန်ဒက်စ် ၁ ပွဲပယ်ခံရမလား၊ ၂ ပွဲပယ်ခံရမလားဆိုပြီး စိတ်ထဲ ဇဝေဇဝါ ဖြစ်နေကြပါတယ်။

ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အောက်တိုဘာလတုန်းက စပါးစ်နှင့်ပွဲမှာ အနီကတ်ပြသခြင်းခံခဲ့ရပေမဲ့လည်း အယူခံဝင်ခဲ့ပြီးနောက် ယင်းအနီကတ် ပယ်ဖျက်ခံထားရပါတယ်။

ဒါကြောင့်လည်း ဘရူနိုဖာနန်ဒက်စ်ဟာ ၁ ပွဲပ ယ်ပြစ်ဒဏ်သာ ကျခံရမှာ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၃၀ ရက်နေ့ နယူးကာဆယ်နှင့်ပွဲစဉ်ကိုသာ လွဲချော်လာပါမယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဝုဗ်နှင့်ပွဲစဉ်မှ အနီကတ်ကြောင့် ၂၀၀၈-၀၉ ရာသီတုန်းက နီမင်ဂျာဗီဒစ်ပြီးနောက် တစ်ရာသီတည်း အနီကတ် ၃ ကတ်ပြသခြင်းခံလာရတဲ့ ပထမဆုံး ယူနိုက်တက် ကစားသမား ဖြစ်လာပါတယ်။