ဒီည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ချက်စတာ ယူနိုက်တက် – နယူးကာဆယ် ပွဲ ဘယ်လိုရလဒ် ထွက်မလဲ ခရစ်ဆက်တန် ခန့်မှန်းချက် ထုတ်

ဒီည အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ် အသင်းကို ပရီးမီးယားလိဂ်ပွဲ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မြန်မာစံတော်ချိန် ည ၂နာရီခွဲ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဆရာကြီး ခရစ်ဆက်တန်ကတော့ ဒီည ယူနိုက်တက် – နယူးကာဆယ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” နယူးကာဆယ်က သူတို့ ကစားပုံ အရဆိုရင် အိုးထရက်ဖို့ဒ်မှာလည်း နိုင်ပွဲ ရနိုင်ပြီး လိဂ်ပွဲ ၄ ပွဲ ဆက် နိုင်သွားနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အခြေအနေကတော့ ပြောင်းပြန် ဖြစ်နေတယ်။ ကျွန်တော်ကတော့ အမ်မိုရင်း ထုတ်ခံရမှာ စိတ်မပူပါဘူး။ ဒါပေမယ့် သူတို့ ဂိုးသမားက U12 တွေလို ထောင့်ကန်ဘောကနေတောင် ဂိုး တိုက်ရိုက် ပေးနေတာ စိုးရိမ်စရာပဲ။

ဒီနေရာမှာ ကျွန်တော် တောင်းပန်စရာ တစ်ခု ရှိနေတယ်။ ပြီးခဲ့တဲ့ အပတ်က ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို တအားညှာတာပြီး သူတို့ ဝုဗ်ကို သရေကျမယ် လို့ ခန့်မှန်းမိခဲ့တယ်။

လူမှုကွန်ယက်ကနေ သူတို့ ပရိသတ်တွေက တအားပြောကြလွန်းလို့ စိတ်ထဲ ယူနိုက်တက် ရှုံးမယ် ထင်နေတာတောင် သရေ လို့ ပြောခဲ့မိတယ်။

အမ်မိုရင်းကိုတော့ သူ့ စိတ်ကြိုက် ကစားသမားတွေ ခေါ်လာပြီး သုံးပြမှပဲ အကဲဖြတ်ကြပါတော့။ လောလောဆယ် သူတို့ အသင်းကတော့ အတော်ကြီး ညံ့ဖျင်းနေတယ်။ ” လို့ ဆက်တန်က သုံးသပ်ခဲ့ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၂ နယူးကာဆယ် ဖြစ်ပါတယ်။