ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဝယ်နိုင်မလားနဲ့ အခြေအနေ
မန်ချက်စတာ ယူနိုက်တက် လက်ရှိကစားသမားတွေနဲ့ ကစားကွက် တည်မရ ဖြစ်နေတဲ့ နည်းပြ ရူဘန် အမိုရင် အတွက် အားတက်စရာကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် အတွက် အသင်းမှာ ဘတ်ဂျက် လျာထားတာ မရှိပါဘူး။
ယူနိုက်တက် ဟာ လက်ရှိ အသင်းသားတွေ ရောင်းချနိုင်မှသာ ရတဲ့ ငွေနဲ့ ကစားသမား ပြန် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ ယူနိက်တက်ဟာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်အား အသင်းမှ ထွက်ခွာရန် လမ်းဖွင့်ပေးထားကြောင်း သိရှိရပါတယ်။
အသင်း အဝတ်လဲခန်းအတွင်း ရက်ဖို့ဒ် ထွက်ခွာမှာ အတွက် ဝမ်းနည်းနေကြသော်လည်း ယခုအချိန်လမ်းခွဲမှုသည် နှစ်ဦးနှစ်ဖက်လုံးအတွက် သင့်တော်ကြောင်းလည်း ယူဆထားကြပါတယ်။
ဒါ့အပြင် တိုက်စစ်သမား အန်တိုနီအား ရီးရဲလ်ဘက်တစ် အသင်းမှ စိတ်ဝင်စားလျက်ရှိပြီး အငှားဖြင့်ခေါ်ယူရန်စိတ်အားထက်သန်နေသည်။ ဒါပေမယ့် ဘက်တစ်ဟာ အန်တိုနီကို မခေါ်ယူခင် သူတို့ ကစားသမား Assane Diao အားအရင် ရောင်းရဖို့ ရှိနေပါတယ်။
နောက်ထပ် တိုက်စစ်သမား ဂါနာချို ကိုလည်း ယူနိုက်တက်က ရောင်းချဖို့ လျာထားပြီး ပေါင်သန်း (၅၀)ခန့် ဈေးသတ်မှတ်ထားပါတယ်။