အိုနာနာကြောင့် ဦးစားပေး ဆန္ဒ တစ်ခု ရှိလာပြီ ဖြစ်တဲ့ ယူနိုက်တက် နည်းပြ ရူဘန် အမော်ရင်
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ပွဲ ရလဒ်တွေ ဆိုးရွားနေသလို အသင်းရဲ့ နေရာအနှံ့က လိုအပ်ချက်တွေ များပြားနေရပြီး ကစားသမား အင်အားသစ်တွေ ဖြည့်တင်းဖို့ပါ လိုအပ်နေပါတယ်။
အခုလည်း နည်းပြ ရူဘင် အမော်ရင်က အိုနာနာ နေရာမှာ ဂိုးသမားသစ် တစ်ဦးကို ဖြည့်တင်းသွားဖို့ ဆန္ဒရှိနေပါတယ်။
လက်ရှိ အိုနာနာက သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက် ရာသီကထက် တိုးတက်မှုတွေ ရှိလာပေမယ့် အမှားတွေက ရှိနေသေးသလို အိုနာနာနဲ့အတူ အသင်းဆီ ရောက်လာတဲ့ တူရကီ ဂိုးသမား ဘာယင်ဒါကလည်း တစ်ခါတစ်လေ အသုံးပြုတဲ့ ပွဲမှာတောင် အမှားပေါင်းများစွာ လုပ်သွားခဲ့ပါသေးတယ်။
အိုနာနာက ဒီရာသီ ပရီးမီးယားလိဂ်မှာ clean sheet ဒုတိယ အများဆုံး ဖြစ်ပေမယ့်လည်း လက်ရှိအထိ ကစားထားသမျှ (၂၆)ပွဲမှာ ပေးဂိုး အရေအတွက်က (၃၅)ဂိုးအထိတောင် ရှိနေသလို (၂၆)ပွဲမှာလည်း ဂိုးမပေးရတဲ့ပွဲပေါင်းက (၇)ပွဲတည်းသာ ရှိခဲ့ရပါတယ်။
ဒီလို အခြေအနေတွေကြောင့်ပဲ အမော်ရင်က ဂိုးသမားသစ် တစ်ဦးကိုပါ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့က အခု ဆောင်းဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူအားဖြည့်နိုင်ဦးမှာ မဟုတ်ဘဲ အသင်းက ကစားသမားတချို့ကိုသာ အရင်ဆုံး ရောင်းချသွားဖို့ လိုနေပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်ဘက်က မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ ကက်စီမဲရိုး ၊ လင်ဒီလော့ဖ်နဲ့ အဲရစ်ဆင်တို့အပြင် ဂိုးသမား ဘာယင်ဒါကိုပါ နွေမှာ ရောင်းချသွားဖို့ ရှိနေပါတယ်။
ဘာယင်ဒါကို ရောင်းချပြီးသွားရင်တော့ အမော်ရင်က အသင်းမှာ အိုနာနာနဲ့ နေရာအပြိုင်အဆိုင် လုနိုင်မယ့် အရည်အသွေးမြင့် ဂိုးသမားတစ်ဦးကို ခေါ်ယူသွားဖို့ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်က ဘရိုက်တန် ဂိုးသမား ဘာဗရုဂန်ကို ပစ်မှတ်ထားလျက် ရှိနေသလို တခြားဂိုးသမားတွေကိုလည်း စောင့်ကြည့်နေပါတယ်။