မန်ယူ အရမ်း ရှင်းချင်နေတဲ့ ကစားသမားကို ခေါ်ထားပေးမယ်၊ လစာတော့ စိုက်ပေး လို့ စပိန်ကလပ် ညှိနေ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီ ဇန်နဝါရီ ဈေးကွက်မှာ ကစားသမား ဝယ်ယူဖို့ အသုံးစရိတ် မရှိသလို ရှိတဲ့ ကစားသမားတွေကလည်း နည်းပြ အမ်မိုရင်း စိတ်တိုင်းကျလောက်အောင် မကစားနိုင်ကြလို့ အကြပ်ရိုက်နေပါတယ်။
လက်ရှိမှာ ယူနိုက်တက်ဟာ ရက်ဖို့ဒ်၊ ဂါနာချို၊ အန်တိုနီ စတဲ့ တိုက်စစ်သမားတွေကို ရှင်းထုတ်လိုနေပြီး ရောင်းချဖို့ ကြိုးစားနေပါတယ်။
ယူနိုက်တက်က နည်းပြတန်ဟက်ရှိစဉ်တုန်းက ပေါင် ၈၆ သန်း ဈေးကြီး ပေးကာ ဝယ်ယူခဲ့ရတဲ့ တိုက်စစ်သမား အန်တိုနီ ကို လတ်တလောမှာ ဝယ်မယ့် ကလပ် မရှိသေးရင် ဇန်နဝါရီမှာ အငှားနဲ့ ဖြစ်ဖြစ် ရှင်းထုတ်ဖို့လည်း စီစဉ်နေပါတယ်။

ယူနိုက်တက်ရဲ့ သန်း ၁ဝဝ တန် ဂျင်းကို စပိန်ကလပ် ရီးရဲလ်ဘက်တစ်က အငှားနဲ့ ခေါ်ယူလိုဟန် ရှိပေမယ့် ကစားသမားရဲ့ လစာက များလွန်းတာကြောင့် ယူနိုက်တက် တဝက် မျှပေးမယ် ဆိုမှသာ ခေါ်ယူချင်ပြီး ညှိနှိုင်းနေတယ် လို့ သတင်း ထွက်ပေါ်နေပါတယ်။
ဒါကလည်း ယူနိုက်တက် လစာ စိုက်ပေးရင်တောင် ရီးရဲလ်ဘက်တစ် အတွက် အကုန် အဆင်ပြေဦးမှာ မဟုတ်ဘဲ သူတို့ ရဲ့ ကစားသမား Assane Diao ကိုပါ ရောင်းချဖို့ ကြိုးစားရဖွယ် ရှိနေသေးတာပါ။
အန်တိုနီဟာ ယူနိုက်တက်ရဲ့ အဆိုးဝါးဆုံး ကစားသမား ခေါ်ယူမှုတွေထဲ ပါဝင်နေသူ ဖြစ်ပြီး လက်ရှိ အချိန်ထိ ၉၃ ပွဲ ကစားကာ ၁၂ ဂိုးသွင်း ၅ ဂိုး ထောက်ပံ့မှုသာ လုပ်ထားနိုင်ပါတယ်။