၂ဝ၂၅ အတွက် စိတ်လှုပ်ရှားနေပြီ ဆိုတဲ့ အမ်မိုရင်း နဲ့ ယူနိုက်တက်အတွက် ရင်ခုန်စရာများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ်မှာ အမှတ်ပေးဇယားထိပ်က လီဗာပူးနဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း အန်းဖီးမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်လို့ သရဲနီ ပရိသတ်များ ရင်ထိတ်နေကြပါတယ်။

တိုက်စစ်အားကောင်းကောင်း ဂိုးသွင်းကြမ်းနေတဲ့ လီဗာပူးနဲ့ အတွေ့မှာ မတည်ငြိမ်တဲ့ ခံစစ်၊ ဂိုးသမားတို့ကြောင့် ယူနိုက်တက် ပရိသတ်တွေ ရင်ပူတာလည်း မမှားပါဘူး။

ဒီလို အချိန်မှာပဲ ယူနိုက်တက် နည်းပြ အမ်မိုရင်းက ၂၀၂၅ နှစ်သစ် အတွက် ရင်ခုန်နေကြောင်း အခုလို ဆိုလာခဲ့တာပါ။

“(၂၀၂၅) ခုနှစ်အတွင်းမှာ ကျနော်တို့ ဘယ်အထိ အတူတကွ သွားနိုင်မလဲ၊ ဘာတွေ အတူတူ လုပ်နိုင်မလဲဆိုတာကို ကျနော် အရမ်း ရင်ခုန် စိတ်လှုပ်ရှားနေပါပြီ” လို့ ယူနိုက်တက်နည်းပြ အမော်ရင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ အမော်ရင်ရဲ့ ပြောစကားအပေါ် တန်းမဆင်းရရင်ပဲ တော်ပါပြီ ဆိုပြီး ပြန်လည်နောက်ပြောင်နေကြပါတယ်။ ယူနိုက်တက်က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၄) နေရာ ရပ်တည်နေတာပါ။

အဆင့် (၄) နေရာက ချဲလ်ဆီးနဲ့ (၁၃) မှတ်ကွာနေချိန်မှာ တန်းဆင်းဇုန် အဆင့် (၁၈) နေရာက အစ်ဆွစ်ချ်နဲ့ ရမှတ်ကွာဟချက်က (၇) မှတ်ပဲ ရှိပါတယ်။

အခု နှစ်သစ်မှာ ပထမဆုံး ရင်ဆိုင်ရမယ့်ပွဲကလည်း လီဗာပူးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲဖြစ်နေပြီး (၂၀၂၅) ကတော့ ယူနိုက်တက်အတွက် စိန်ခေါ်မှုတွေ များပြားဦးမယ့် နှစ်တစ်နှစ်ပါပဲ။