အန်းဖီးမှာ လီဗာပူးက မန်ချက်စတာ ယူနိုက်တက်ကို ဘယ်နှဂိုး သွင်းမှာလဲ ခရစ်ဆက်တန် ခန့်မှန်းဟောကိန်းထုတ်
ဒီတပတ် ပရီးမီးယားလိဂ် မှာ မန်ချက်စတာ ယူနိုက်တက် ကတော့ အန်းဖီးကွင်း သွားပြီး လီဗာပူးနဲ့ ရင်ဆိုင် ကစားရမှာပါ။
ဒီစူပါဆန်းဒေး ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က လီဗာပူး နဲ့ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီနှစ်သင်းကြား သမိုင်းနဲ့ ချီပြီး ပြိုင်ဆိုင်လာကြတာက ပြင်းထန်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာက နှစ်သင်း အနေအထားဟာ နီးစပ် တူညီမှုကို မရှိတော့ပါဘူး။
မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းက တန်းဆင်းဇုန် တိုက်ပွဲအကြောင်းတောင် ထည့်ပြောနေရပါပြီ။ ဘာကြောင့်လဲ ခင်ဗျားတို့လည်း သဘောပေါက်ကြမှာပါ။
သူ့အသင်းက အိုးထရက်ဖို့ဒ်မှာ ပထမပိုင်း မိနစ် ၃ဝ ထဲမှာတင် နယူးကာဆယ်ရဲ့ ချေမှုန်းခြင်း ခံခဲ့ရတယ်။ အန်းဖီးမှာရော ဘာများ ကွာခြားသွားနိုင်မှာလဲ။
လီဗာပူးအသင်းကတော့ သူတို့ကို မြေလှန် ချေမှုန်းတော့မှာပဲ။ ဒီပွဲ အတွက် မေးခွန်းက တစ်ခုပဲ ရှိတယ်။ လီဗာပူး ဘယ်နှဂိုး သွင်းမှာလဲ ?
ယူနိုက်တက်က ဂုဏ်သိက္ခာ အတွက်တော့ အားထုတ် ကစားမှာပါ။ သူတို့ လိုဂို badge အတွက်၊ အသင်း ဂျာစီ အတွက်။ ဒါပေမယ့် သိပ်ကြီး ပြောင်းလဲနိုင်မယ်တော့ မထင်ဘူး။
လက်ရှိမှာ လီဗာပူးက မတူညီတဲ့ ကမ္ဘာကိုတောင် ရောက်နေပြီ။ ကျွန်တော် အမ်မိုရင်း အတွက် စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပွဲက သူ့အတွက် နောက်ထပ် နာကျင်ရတဲ့ နေ့တစ်ရက် ထပ်ဖြစ်စေဦးမှာပဲ။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်
လီဗာပူး ၅-ဝ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။