ဘယ်တော့မှ ထပ်လုပ်လို့ မရတဲ့ အမှ-ားကြီး တစ်ခုကို ရူဘင် အမိုရင် လုပ်ခဲ့ပြီးသွားပြီ လို့ ချဲလ်ဆီး ကစားသမားဟောင်း ပြောဆို

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရူဘင် အမိုရင် ဟာ နယူးကာဆယ်နဲ့ပွဲမှာ အဲရစ်ဆင်နဲ့ ကက်စမီရိုတို့ ၂ ဦးကို ကွင်းလယ်မှာ ပွဲထွက်စေခဲ့တာက ကြီးမားတဲ့အမှားကျူးလွန်ခဲ့တာဖြစ်ပြီး ဘယ်တော့မှ ထပ်ဖြစ်လို့မရတဲ့ အမှားကြီး ဖြစ်တယ် လို့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျွန် အိုဘီ မီခေးက သတိပေး ပြောဆိုခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်တွေ ရှိနေကြပြီဖြစ်တဲ့ ကက်စမီရိုနဲ့ အဲရစ်ဆင်တို့ဟာ နယူးကာဆယ်နဲ့ပွဲမှာ နယူးကာဆယ် ကစားသမားတွေရဲ့ ကျော်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး သရဲနီတွေဟာ ၄ ပွဲမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဂျိုရွှာ ဇာဇီးဟာ ၃၃ မိနစ်မှာပဲ ကော်ဘီ မိန်းနူး ဝင်ကစားနိုင်ဖို့အတွက် စတေးခံခဲ့ရပေမယ့် အဲဒီအချိန်မှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးဖြစ်တာကြောင့် နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။

“ဒါမျိုး ဖြစ်နိုင်စရာအကြောင်းမရှိဘူး။ မန်ယူနိုက်တက်အတွက် ကွင်းလယ်မှာ ကက်စမီရိုနဲ့ အဲရစ်ဆင်တို့အတူတူ ကစားနေတာမျိုး ဘယ်တော့မှ ထပ်မြင်လို့ မရပါဘူး။

ဘယ်သူက ဘယ်သူ့အတွက် ပြေးလွှားပေးမှာလဲ။ ခင်ဗျားက အသက် ၃၀ ကျော်ကွင်းလယ်ကစားသမားဆိုရင် ခင်ဗျားအတွက် ဘောလုံး ပြန်ဆယ်ယူပေးမယ့် ပိုငယ်ရွယ်တဲ့ ကစားသမားမျိုး လိုတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား မပြေးနိုင်တော့ဘူးလေ။

ခင်ဗျားအတွက် ကွင်းလယ်မှာ ကာဗာလုပ်ပေးဖို့ ငယ်ရွယ်ပြီး အင်တိုက်အားတိုက်ကစားတတ်တဲ့ ကစားသမားမျိုး လိုတယ်။

ကွင်းလယ်မှာ အသက် ၃၀ ကျော် ကစားသမား ၂ ယောက်ရှိနေတဲ့အခါကျတော့ ဘယ်သူက ဘယ်သူ့ကို ကူညီနိုင်မှာလဲ။ ဘယ်သူက ပြေးလွှားပေးနိုင်မှာလဲ။ အဲဒီတော့ ကျွန်တော့်အတွက် ကြီးမားတဲ့ အမှားပါ။ ကြည့်ရတာ တော်တော်ကို ဆိုးပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။