ဒီပွဲက ခြေစွမ်းနဲ့ ဆို ယူနိုက်တက်က အမှတ်ပေးဇယားထိပ်တောင် ရောက်နေမှာ ဆိုတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ မေးခွန်းထုတ်မှု

ယူနိုက်တက် နည်းပြ ရူဘင်အေမိုရမ်ဟာ အန်ဖီးလ်မှာ လီဗာပူးနှင့် ကစားရတဲ့ ပွဲစဉ်မှာ ယူနိုက်တက် အကောင်းဆုံးကစားသွားတာကို မြင်တွေ့ရပြီးတဲ့နောက် အကြီးအကျယ်ဒေါသူပုန်ထပြီး အိမ်ပြန်သွားခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာလည်း အပတ်စဉ် အပတ်တိုင်း အန်ဖီးလ်ခြေစွမ်းမျိုးဖြင့် မကစားနိုင်တဲ့ သူနှင့် သူ့ကစားဖော်တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။

ရူဘင်အေမိုရမ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ ပထမဆုံး ၁၁ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးနှင့် တစ်ဂိုးစီသရေကျပြီးနောက် အမှတ်ပေးဇယားအဆင့် ၁၃ နေရာသို့ တက်လှမ်းလာပါတယ်။

ယူနိုက်တက်ဟာ ဒီဇင်ဘာလတုန်းက ၁၉၃၀ နောက်ပိုင်း အဆိုးရွားဆုံးဒီဇင်ဘာလရလဒ်ဆိုးရွားမှုနှင့် ကြုံခဲ့ရပါတယ်။

အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်တို့ ဝေဖန်ခံခဲ့ရတယ်။ မျှတတယ်။ အမှတ်ပေးဇယားအဆင့်က အဖြေပေးနေပြီးသားပါ။ အမှတ်တွေ အများကြီးဆုံးရှုံးခဲ့တယ်။

ဒါပေမယ့် ဒီကနေ ရမှတ်တစ်မှတ်နဲ့တောင် မပျော်နိုင်ဘူး။ အမှတ်တွေ လိုနေတယ်။ ပွဲကို အနိုင်ရခဲ့သင့်တယ်။ ဘာပဲဖြစ်ဖြစ် မျှတတဲ့ ရလဒ်ပါ။ နှစ်သင်းလုံး ကောင်းကောင်းကစားခဲ့တယ်။

နည်းနည်းတော့ အံ့ဩမိတယ်။ အခု လီဗာပူးမှာ ကစားသလို ခြေစွမ်းအဆင့်နဲ့ဆို ကျွန်တော်တို့က ဒီလိဂ်ထိပ်ဆုံးမှာ ရှိနေမှာ။ ဘာလို့ ပွဲတိုင်း ဒီလို မကစားခဲ့တာလဲ။ ဒီတော့ ဒီရာသီမှာ ကိုယ့်ဆီက ထွက်နိုင်သမျှ ထွက်အောင် လုပ်ရမယ်။

၂-၁ နဲ့ ရှုံးနေပြီးမှ ချေပဂိုးသွင်းပြီး တစ်မှတ်ရခဲ့တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီထက် ပိုလုပ်နိုင်ဖို့ လိုတယ်။ အခု ကျွန်တော်တို့ အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲ ကစားရမယ်။ ဒီပွဲလည်း ခက်လာဦးမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဗိုလ်လုပွဲသို့ ထပ်တက်ချင်သေးတယ်”လို့ ပြောကြားသွားပါတယ်။