ဒီရာသီ ပရီးမီးယားလိဂ် သရဖူကို လီဗာပူးအသင်း သိမ်းပိုက်မယ်လို့ မိုက်ကယ်အိုဝင် ဟောကိန်း ထုတ်

လီဗာပူး ကစားသမားဟောင်းကြီး မိုက်ကယ်အိုဝင်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို သူ့ အသင်းဟောင်း လီဗာပူးပဲ ရသွားမယ်လို့ ခန့်မှန်း ပြောကြားခဲ့ပါတယ်။

လက် အမှတ်ပေးဇယားမှာ ချဲလ်ဆီးအသင်းက ဦးဆောင်နေပြီး ချဲလ်ဆီးအသင်းနောက်မှာတော့ အမှတ်ကွာဟမှု တစ်မှတ်နဲ့ လီဗာပူးလ်၊ မန်စီးတီးအသင်းတို့က ရပ်တည်နေပါတယ်။ ဒီသုံးသင်းဟာ အမှတ်ပေးဇယားကို စိန်ခေါ်သွားနိုင်မယ့် အသင်းတွေလို့ အိုဝင်က ဆိုပါတယ်။

” ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ ခန့်မှန်းရ ခက်ခဲပါတယ်။ မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးတို့ သုံးသင်းထဲက တစ်သင်းက ချန်ပီယံဖြစ်မယ်လို့ ယူဆချက်တွေကို ကျနော်ကတော့ ငြင်းခုံနေမှာ မဟုတ်ပါဘူး။ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ဘောလုံးရာသီ နောက်ဆုံးလဖြစ်တဲ့ မေလထိကို ရောက်သွားမယ်လို့ ထင်ပါတယ်။

သုံးသင်းလုံးကလည်း မေလရောက်တဲ့ အခွင့်အရေး ရှိနေမယ်လို့ ယူဆမိပါတယ်။ဒီသုံးသင်းက အချိန်အကြာကြီးမှာ မြင်ဖူးသမျှ အကောင်းဆုံးသုံးသင်းပဲ ဖြစ်ပါတယ်။

မန်စီးတီးက အရမ်းကောင်းတဲ့ အသင်းဆိုတာ မြင်နေရသလို ကုန်ခဲ့တဲ့ ဘောလုံးရာသီတွေအရ လီဗာပူးကလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ တစ်ကြိမ်တည်း သုံးသင်းအပြိုင် သိပ်ကောင်းပြနေတာကို ကျနော်တို့ လုံးဝကို မမြင်ဖူးဘူးလို့ ပြောရမှာပါပဲ။

ဒီရာသီက ထူးခြားတဲ့ ဘောလုံးရာသီဖြစ်ပြီး ကလပ်သုံးသင်းဟာ ရလဒ်ကောင်းတွေ ရယူပြထားပြီးပါပြီ။ သူတို့ကို ကြည့်ရတာ ခြေချော်သွားမယ့် လက္ခဏာလည်း မပေါ်ပါဘူး။

ပွဲထွက် ၁၁ ဦးစာရင်းမှာ လီဗာပူးနဲ့ မန်စီးတီးက ချယ်ဆီးထက် ပိုတောင့်တင်းတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကလည်း မန်နေဂျာကောင်းနဲ့ လူစာရင်းကောင်းကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဘယ်အသင်းမဆို ချန်ပီယံဖြစ်နိုင်ပေမယ့် ကျနော်ကတော့ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်လို့ ရွေးချယ်လိုပါတယ် “ လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZG

လီဗာပူး ကစားသမားေဟာင္းႀကီး မိုက္ကယ္အိုဝင္ကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို သူ႔ အသင္းေဟာင္း လီဗာပူးပဲ ရသြားမယ္လို႔ ခန္႔မွန္း ေျပာၾကားခဲ့ပါတယ္။

လက္ အမွတ္ေပးဇယားမွာ ခ်ဲလ္ဆီးအသင္းက ဦးေဆာင္ေနၿပီး ခ်ဲလ္ဆီးအသင္းေနာက္မွာေတာ့ အမွတ္ကြာဟမႈ တစ္မွတ္နဲ႔ လီဗာပူးလ္၊ မန္စီးတီးအသင္းတို႔က ရပ္တည္ေနပါတယ္။ ဒီသုံးသင္းဟာ အမွတ္ေပးဇယားကို စိန္ေခၚသြားႏိုင္မယ့္ အသင္းေတြလို႔ အိုဝင္က ဆိုပါတယ္။

” ခ်န္ပီယံဘယ္အသင္းျဖစ္မလဲဆိုတာ ခန႔္မွန္းရ ခက္ခဲပါတယ္။ မန္စီးတီး၊ ခ်ယ္ဆီး၊ လီဗာပူးတို႔ သုံးသင္းထဲက တစ္သင္းက ခ်န္ပီယံျဖစ္မယ္လို႔ ယူဆခ်က္ေတြကို က်ေနာ္ကေတာ့ ျငင္းခုံေနမွာ မဟုတ္ပါဘူး။ အမွတ္ေပးဖလား ၿပိဳင္ဆိုင္မႈက ေဘာလုံးရာသီ ေနာက္ဆုံးလျဖစ္တဲ့ ေမလထိကို ေရာက္သြားမယ္လို႔ ထင္ပါတယ္။

သုံးသင္းလုံးကလည္း ေမလေရာက္တဲ့ အခြင့္အေရး ရွိေနမယ္လို႔ ယူဆမိပါတယ္။ဒီသုံးသင္းက အခ်ိန္အၾကာႀကီးမွာ ျမင္ဖူးသမွ် အေကာင္းဆုံးသုံးသင္းပဲ ျဖစ္ပါတယ္။

မန္စီးတီးက အရမ္းေကာင္းတဲ့ အသင္းဆိုတာ ျမင္ေနရသလို ကုန္ခဲ့တဲ့ ေဘာလုံးရာသီေတြအရ လီဗာပူးကလည္း သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ တစ္ႀကိမ္တည္း သုံးသင္းအၿပိဳင္ သိပ္ေကာင္းျပေနတာကို က်ေနာ္တို႔ လုံးဝကို မျမင္ဖူးဘူးလို႔ ေျပာရမွာပါပဲ။

ဒီရာသီက ထူးျခားတဲ့ ေဘာလုံးရာသီျဖစ္ၿပီး ကလပ္သုံးသင္းဟာ ရလဒ္ေကာင္းေတြ ရယူျပထားၿပီးပါၿပီ။ သူတို႔ကို ၾကည့္ရတာ ေျခေခ်ာ္သြားမယ့္ လကၡဏာလည္း မေပၚပါဘူး။

ပြဲထြက္ ၁၁ ဦးစာရင္းမွာ လီဗာပူးနဲ႔ မန္စီးတီးက ခ်ယ္ဆီးထက္ ပိုေတာင့္တင္းတယ္လို႔ ထင္မိပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးကလည္း မန္ေနဂ်ာေကာင္းနဲ႔ လူစာရင္းေကာင္းကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ဘယ္အသင္းမဆို ခ်န္ပီယံျဖစ္ႏိုင္ေပမယ့္ က်ေနာ္ကေတာ့ လီဗာပူးအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္မယ္လို႔ ေ႐ြးခ်ယ္လိုပါတယ္ “ လို႔ မိုက္ကယ္အိုဝင္က ခန႔္မွန္းေျပာဆိုခဲ့တာ ျဖစ္ပါတယ္။