သူ့ကို ကင်းထောက်နေတဲ့ မန်ယူနဲ့ အာဆင်နယ်ထံ ပြောင်းဖို့ စိတ်မဝင်စားကြောင်း အပြတ်ငြင်းတဲ့ ချန်ပီယံရှစ် တိုက်စစ်မှုး

ဆန်းဒါးလန်း ကွင်းလယ် တိုက်စစ်သမား ဂျို့ဘ် ဘယ်လင်ဟမ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားမှု ခံနေရချိန်မှာ သူ့သဘေားထား၊ ဆန်းဒါးလန်းနဲ့အနာဂတ်ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ရီးရဲမက်ဒရစ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ရဲ့ညီဟာ ဒီရာသီမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့ ကြိုးစားနေတဲ့ ဆန်းဒါးလန်းအတွက် အဓိကကျတဲ့ နေရာကနေ ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။

ဆန်းဒါးလန်းက လူငယ်ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ အထိ သတ်မှတ်ထားပြီး လွန်ခဲ့တဲ့ ၁၈ လ တုန်းက ဘာမင်ဟမ်ကနေ ခေါ်ယူခဲ့တဲ့အချိန်တုန်းက ၁.၅ သန်းသာ ကုန်ကျခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ဟာ ဒီလ အပြောင်းအရွှေ့ဈေးကွက်မှာ အရမ်း တက်ကြွလှုပ်ရှားနေတာမျိုး မရှိပေမယ့် ဂျို့ဘ် ဘယ်လင်ဟမ်ကိုတော့ ပုံမှန် ကင်းထောက်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်လင်ဟမ်ဟာ ဒီလမှာ ဆန်းဒါးလန်းကို စွန့်ခွာဖို့ အစီအစဉ်မရှိဘဲ လာမယ့်နွေရာသီမှ ဥရောပလိဂ်တခုကို ထွက်ခွာပြီး အစ်ကိုဖြစ်သူရဲ့ ခြေရာအတိုင်း လိုက်နင်းဖို့ စဉ်းစားထားတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။