ဒီလထဲ ခေါ်ဖို့ အစွမ်းကုန်ကြိုးစားခံနေရသူ၊ ဇက်ဇီး ဆုံးဖြတ်ချက်၊ မိုင်နူးနဲ့ အမ်မိုရင်း၊ ရက်ဖို့ဒ် ဒီယာလိုတို့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ တိုက်စစ်သမား မူအမ်နီ ကို ဒီလထဲ ခေါ်ယူရေး အဖက်ဖက်ကနေ အစွမ်းကုန် ကြိုးစားနေပါတယ်။ မူအမ်နီကို စပါးကလည်း ကြိုးစားနေတာပါ။
ဂျူဗင်တပ် အသင်းရဲ့ စိတ်ဝင်စားမှု ခံနေရပေမယ့် တိုက်စစ်မှုး ဇက်ဇီး ဟာ ယူနိုက်တက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
မန်ယူ နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ဒေးဗစ် မိုယက်စ်ဟာ သူ့ အသင်းဟောင်း အဲဗာတန် အသင်းထံ ၁၂ နှစ် ကြာမှ တကျော့ပြန် နည်းပြ အဖြစ် ပြန်လည် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ အမ်မိုရင်းက ဘဏ္ဍာရေး ထိန်းညှိမှုတွေ လုပ်ဖို့ လိုအပ်သည့်တိုင် အကယ်ဒမီ ကြယ်ပွင့် မိုင်နူး ကို အသင်းမှာ ဆက်ထိန်းထားလိုနေပါတယ်။ မိုင်နူးက ဒီတလောမှာ ချယ်ဆီးနဲ့ သတင်းထွက်နေတာပါ။
ဂရေဟမ် ပေါ်တာ နည်းပြ ဖြစ်လာပြီးနောက် ဝက်စ်ဟမ်း အသင်းဟာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ ချိန်ရွယ်လာပါတယ်။
ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ညီ ဖြစ်သူ ဆန်းဒါးလန်း ကွင်းလယ် တိုက်စစ်သမား ဂျို့ဘ် ဘယ်လင်ဟမ်က အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်လိုက်ပြီး နွေမှာ အစ်ကိုဖြစ်သူ ရှိရာ ရီးရဲလ်သို့ သွားရန် ရည်မှန်းနေပါတယ်။
ဥရောပ ထိပ်သီးကလပ်တွေ မျက်စိကျလာတဲ့ လူငယ် တိုက်စစ်သမားလေး အာမက် ဒီယာလို ကို မန်ချက်စတာ ယူနိုက်တက်က ၂၀၃၀ ထိ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။