ဝက်ဟမ်း vs ချဲလ်ဆီးအတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်
ညပိုင်း ယှဉ်ပြိုင်ကစားမယ့် လန်ဒန်ဒါဘီပွဲဟာ ပွဲကောင်းဖြစ်လာမှာဖြစ်ကြောင်း မိုက်ကယ်အိုဝင် မြင်ယောင်နေပြီး ပွဲကို ခန့်မှန်းခဲ့ပါတယ်။
ဝက်ဟမ်း vs ချဲလ်ဆီး
ဒီတစ်ပတ် ပရီးမီးယားလိဂ်ကိုတော့ ပွဲကောင်းနဲ့ စတင်မှာ ဖြစ်ပါတယ်။ ဒေးဗစ်မိုရက် အနေနဲ့ ဘရိုက်တန်နဲ့ ပွဲမှာ နောက်ကျချေပဂိုး ပေးလိုက်ရတဲ့ အတွက် စိတ်ပျက်နေမှာ ဖြစ်ပြီး လက်ရှိမှာ ဝက်ဟမ်းဟာ ရလဒ်တွေ မကောင်း ဖြစ်နေပါတယ်။
သတင်းကောင်းကတော့ ဝက်ဟမ်းဟာ top 4 နေရာမှာ ဆက်ရှိနေဆဲဖြစ်ပေမယ့် ဟမ်းမားတို့ အနေနဲ့ ရမှတ်တွေ စတင် ရယူသွားဖို့တော့ လိုအပ်နေပါတယ်။

ဝက်ဖို့ဒ်နဲ့ပွဲမှာ ချဲလ်ဆီးဟာ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း ဒီနိုင်ပွဲဟာ သူတို့အတွက် အရေးပါခဲ့ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးဟာ တိုက်စစ်ပိုင်း အနည်းငယ် အားလျော့နေသလို ဖြစ်နေပြီး လူကာကူဟာ ကြံံ့ခိုင်မှုအပြည့် ပြန်ရဖို့ လုပ်နေရဆဲပါ။
ဒ့ါကြောင့် ချဲလ်ဆီးဟာ သူ့ရဲ့ ပုံစံကောင်းကို ပြန်လည် လိုအပ်နေပါတယ်။ ဒီပွဲဟာ တကယ့်ကို ခြေညီမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတို့ ကပ်ပြီး နိုင်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။
အိုဝင် ခန့်မှန်းချက် : ဝက်ဟမ်း ၁-၂ ချဲလ်ဆီး