ဥရောပ ထိပ်သီး ၄ သင်းက ခေါ်ယူဖို့ ချိန်ရွယ်ခံထားရတဲ့ ယူနိုက်တက် တိုက်စစ်မှုး ရက်ဖို့ဒ်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တစ်ပတ်ကို ၃ သိန်းခွဲ လုပ်ခပေးချေနေရတဲ့ ရက်ဖိုဒ့်ကို ယူနိုက်တက်တို့ ရှင်းထုတ်လိုနေပါတယ်။
တဖက်မှာလည်း အင်္ဂလန်သား တိုက်စစ်သမားကို ဥရောပ ကလပ် ၄ သင်းကလည်း ခေါ်ယူလိုနေတယ် လို့ သိရပါတယ်။
ရက်ဖို့ဒ်ကို ယူနိုက်တက် အသင်းဖော်ဟောင်း အီဘရာဟီမိုဗစ် အကြံပေးအဖြစ် အလုပ်လုပ်နေတဲ့ အေစီမီလန် အပြင် ဘာစီလိုနာကလည်း ရက်ဖိုဒ့်ကို စိတ်ဝင်စားနေပါတယ်။
လတ်တလောမှာ ဂျာမနီကလပ် ဒေါ့မွန်အသင်းကတော့ ရက်ဖိုဒ့်ကို ခေါ်ယူလိုရိပ် သိသိသာသာ ပြသထားတဲ့ အသင်းပဲဖြစ်ပါတယ်။
ဒေါ့မွန်ဟာ အင်္ဂလန်သား ကစားသမားတွေကို ခေါ်ယူလေ့ရှိတဲ့ အသင်းဖြစ်ပြီး လက်ရှိမှာလည်း အင်္ဂလန်သားအချို့ ကစားနေတဲ့အသင်းလည်း ဖြစ်ပါတယ်။
အားထားရတဲ့ တောင်ပံတိုက်စစ်သမား တစ်ဦး လက်လွှတ်ဖို့ ရှိတာကြောင့် နာပိုလီ အသင်း နည်းပြ ကွန်တီကလည်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူလိုနေပါတယ်။
ဒီည အာဆင်နယ်နဲ့ ကန်မယ့် အက်ဖ်အေဖလား ပွဲစဉ်အတွက် ရထားနဲ့ ခရီးထွက်ခွာသွားပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်းမှာ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ် မပါဝင်သွားဘူး လို့ သိရပါတယ်။