အာဆင်နယ်နဲ့ ပွဲပြီးပြီးချင်း လူမှုကွန်ယက်ကနေ ပေါ်တင် ကြိ-တ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကိုင်ဟာဗတ်ဇ် ပင်နယ်တီ လွဲချော်ကာ အာဆင်နယ်ကို အက်ဖ်အေဖလားမှ ကန်ထုတ်လိုက်ပြီးတဲ့နောက် “justice” စကားလုံးကို ဆိုရှယ်မီဒီယာမှာ တင်ကာ ပြိုင်ဘက်အား လှောင်ပြောင်လာပါတယ်။

မနေ့ညက ပွဲစဉ်တွင် အာဆင်နယ်တို့ ပင်နယ်တီ ရရှိသွားတဲ့ ဖြစ်စဉ်တွင် ဟယ်ရီမက်ဂွိုင်းယားဟာ ကိုင်ဟာဗတ်ဇ်ကို လူလိမ်ကောင်လို့ ပြောဆိုခဲ့ပါတယ်။

မာတင်အိုဒီဂတ်ရဲ့ ပင်နယ်တီကန်ချက်က ကာကွယ်ခြင်းခံခဲ့ရပြီး ယူနိုက်တက်ဟာ ဒါလော့ အနီကတ်ပြထုတ်ပယ်ခံရမှုနှင့်အတူ တစ်ယောက်အလျှော့နဲ့ ကစားခဲ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ပင်နယ်တီအဆုံးအဖြတ်မှာတော့ အနိုင်ယူကာ စတုတ္ထအဆင့်သို့ တက်နိုင်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်တွင် အာဆင်နယ်ရဲ့ ကိုင်ဟာဗတ်ဇ်ရဲ့ ပင်နယ်တီကို ယူနိုက်တက် ဂိုးသမား ဘာယင်ဒါကာကွယ်သွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကိုင်ဟာဗတ်ဇ် ပင်နယ်တီ လွဲချော်ပြီးတဲ့နောက် “justice” ဆိုတဲ့စကားလုံးတစ်လုံးတည်းအား ပို့စ်တင်ကာ အာဆင်နယ်ကို လှောင်ပြောင်လာခဲ့ပါတယ်။

မနေ့ညကပွဲမှာ ကိုင်ဟာဗတ်ဇ်ဟာ ပင်နယ်တီ မဝင်မီ အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့ပါသေးတယ်။

ဇနီးသည်ဆိုဖီယာက သူမနှင့် မမွေးလာသေးတဲ့ ကလေးကို ဆိုရှယ်မီဒီယာမှာ ဝိုင်းဝန်းဆဲဆိုတိုက်ခိုက်ခံထားရကြောင်း Screenshoot များဖြင့် ပြသလာခဲ့ပါတယ်။

မနေ့ညကပွဲမှာ ပွဲချိန် ၅၂ မိနစ်မှာ ဘရူနိုဖာနန်ဒက်ဇ်က ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ဒါလော့ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပြီးနောက် စက္ကန့် ၁၀၀ အကြာ ၆၃ မိနစ်မှာ ဂါဘရီရယ်က အာဆင်နယ်အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။

ဒိုင်လူကြီးအင်ဒီမက်ဒလေဟာ မက်ဂွိုင်းယားက ဟာဗတ်ဇ်အား ပြစ်ဒဏ်ကျူးလွန်မှုအပေါ် VAR အကူအညီ တစုံတရာ မရယူဘဲ အငြင်းပွားဖွယ် ပင်နယ်တီပေးခဲ့ပါတယ်။

ယင်းအဖြစ်အပျက်အတွင်း မန်နူရယ်အူဂတ်တီက ကိုင်ဟာဗတ်ဇ်ကို တွန်းလှခဲ့ပြီး အလီဂျန်ဒရိုဂါနာချိုကလည်း လဲနေချိန်မှာ ရင်ဘတ်ကို တွန်းခဲ့တာ တွေ့ရပါတယ်။

အူဂတ်တီဟာ မက်ဂွိုင်းယားနှင့် ဓာတ်ပုံကို တင်ပြီး “ကျုပ်တို့ ဘောလုံး ရထားတဲ့အချိန်မှာ ဒါက ကစားပွဲတစ်ပွဲပဲ။ ဘောလုံးမရှိတဲ့အချိန်ကျရင် ရန်ပွဲပဲ”လို့ ပို့စ်တင်သွားပါသေးတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ နည်းပြဟောင်းရုဒ်ဗန်နစ္စတယ်ရွိုင်းကိုင်တွယ်နေတဲ့ လက်စတာနှင့် ရင်ဆိုင်ကစားရပါမယ်။