ဝုဖ် vs လီဗာပူးပွဲ မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်

လီဗာပူးဟာ ဒီရာသီမှာ အကောင်းဆုံး သွင်းဂိုးနှုန်းကို ပိုင်ဆိုင်နေပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အပြီးမှာ ၄၃ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ဂိုးသွင်းစံချိန်တွေကို တင်ထားခဲ့ပါတယ်။

ဆာလား မာနေး ဖာမီနို တို့ရဲ့ တိုက်စစ်အတွဲဟာ ပြီးခဲ့တဲ့နှစ်တွေက ဥရောပရဲ့ အကောင်းဆုံး front three တွေထဲက တစ်ခု ဖြစ်ပေမယ့် ဒီယေဂိုဂျိုတာဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ဝုဖ်ကနေ ရောက်ရှိလာခဲ့ပြီးနောက် တိုက်စစ်ပိုင်းမှာ နေရာတစ်နေရာ အတွက် ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်အောင် လုပ်ပေးခဲ့ပါတယ်။

ဒီညမှာတော့ သူတို့ဟာ ဝုဖ်ကွင်းထံ သွားရောက်ကစားပြီး ရလဒ်ကောင်း ရနိုင်ဖို့ အားထုတ်ရဖို့ ရှိနေပါတယ်။ ဒီပွဲအတွက် အိုဝင်က ပွဲကြို ခန့်မှန်းခဲ့ပါတယ်။

ဝုဖ် vs လီဗာပူး

လီဗာပူးဟာ Molineux မှာ ရလဒ်ကောင်းလေ့ ရှိပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ကြိမ် စလုံး အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့် ဝုဖ်ဟာ ထုံးစံအတိုင်း လီဗာပူးကို ခက်ခဲမှုတွေ ပေးသွားအုံးမှာ ဖြစ်ပါတယ်။ ဝုဖ်ဟာ နောက်ဆုံး ၃ ပွဲဆက် ပေးဂိုး မရှိခဲ့ပေမယ့်လည်း ဒီရာသီ လိဂ်ပွဲစဉ် ၁၄ ပွဲ အပြီးမှာ သွင်းဂိုး ၁၂ ဂိုးသာ ရထားပြီး အဆုံးသတ်ပိုင်းက အားနည်းနေပါတယ်။

လီဗာပူးကတော့ ဒါနဲ့ ပြောင်းပြန်ဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုး ၄၃ ဂိုးထိ ရှိထားခဲ့ကာ တစ်ပွဲကို ပျမ်းမျှ ၃ ဂိုးလောက် ရယူထားခဲ့တဲ့ အသင်းဖြစ်ပါတယ်။ မိုဆာလား နဲ့ ဂျိုတာ တို့ဟာ လက်ရှိမှာ အကောင်းဆုံး ပုံစံရနေသလို ဖာဘင်ညို တီယာဂို ဟန်ဒါဆန် တို့ရဲ့ ကွင်းလယ်ကလည်း ပုံစံကောင်း ပြသနေပါတယ်။ ကျွန်တော်ကတော့ ဧည့်သည်တို့ အနိုင် ၃ မှတ်နဲ့ အိမ်ပြန်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ဝုဖ် ဝ-၂ လီဗာပူး