ဒီည မန်ယူ – ဆောက်သမ်တန်ပွဲ ဘယ်လိုရလဒ် ထွက်လာမလဲ ဘီဘီစီ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်း

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲ ကစားဖို့ ရှိနေပြီး ထိုပွဲအတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပွဲကတော့ ဒီည/ သောကြာနေ့ မြန်မာစံတော်ချိန် နံနက် ၂း၃ဝ နာရီ အချိန်၊ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ခရစ်ဆက်တန် ပွဲကြို သုံးသပ်ချက်

အက်ဖ်အေဖလားမှာ အာဆင်နယ်ကို နိုင်တဲ့ ပွဲက မန်ချက်စတာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် အတော်ကြီး အထင်ကြီးမိတယ်။

ဒါပေမယ့် အခု လာမယ့် ၃ ပွဲ၊ ဆောက်သမ်တန်နဲ့ အိမ်ကွင်း၊ ဘရိုက်တန်၊ ပြီးတော့ ရိမ်းဂျားစ်.. ဒါတွေက ပြီးခဲ့တဲ့ အမ်းမရိတ်၊ အန်းဖီးမှာ ကစားခဲ့တဲ့ ပွဲတွေနဲ့ မတူ ခြားနားတဲ့ စမ်းသပ်မှုတွေ ဖြစ်လာဦးမှာပါ။

နည်းပြ အိုင်ဗန် ဂျူရစ် လက်အောက်မှာ ဆောက်သမ်တန်က ယခင် နည်းပြတုန်းကနဲ့ မတူ အသင်းသစ် တစ်သင်း ဖြစ်လာတယ်။

စိန့်တွေဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးကို အက်ဖ်အေဖလားမှာ အနိုင်ယူပြီးတဲ့နောက် ဒီပွဲကို ယုံကြည်မှု ရှိရှိနဲ့ ရင်ဆိုင် လာမှာပါ။ သူတို့ နိုဝင်ဘာလ အစတည်းကနေ ၁၂ ပွဲ ဆက် နိုင်ပွဲ ပျောက်နေတာကို အဆုံးသတ်နိုင်ခဲ့ပြီးပါပြီ။

မန်ချက်စတာ ယူနိုက်တက် နိုင်ပွဲ ရအောင် ရှာသွားနိုင်မယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ ဂိုး ပြတ်မလား သိပ် မသေချာဘူးပေါ့။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၂-ဝ ဆောက်သမ်တန်။