အာမက် ကယ်လို့ ဆောက်သမ်တန်ကို နိုင်တဲ့ ပွဲအပြီး မန်ယူအသင်းသားတွေ ပွဲပန်းနေပြီ လို့ အမ်မိုရင်း ဖြေရှင်း
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဆောက်သမ်တန် အသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရာ မိနစ် ၈ဝ ကျော်ထိ တစ်ဂိုး ရှုံး အနေအထားနဲ့ ရုန်းကန်နေရပြီး အာမက် ဒီယာလိုကြောင့်သာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် ဟာ အိမ်ကွင်း မှာ ြဖ်စပေမယ့် အမှတ်ပေးဇယားအောက်ဆုံးက စိန့်တွေရဲ့ ဦးဆောင်ခြင်းကို မိနစ် ၈ဝ ကျော်ထိ ခံလာရပြီးမှာ ချေပဂိုး၊ အနိုင်ဂိုးတွေ သွင်းယူခဲ့တာပါ။
ညကပွဲမှာ ယူနိုက်တက်က ပွဲပန်းနေပြီး လိုအပ်ချက်တွေ ရှိခဲ့ကြောင်း နည်းပြ အမ်မိုရင်းက ပွဲအပြီးမှာ အခုလို ဝန်ခံခဲ့ပါတယ်။
” ပွဲကောင်း တစ်ပွဲတော့ မဟုတ်ခဲ့ပါဘူး။ လီဗာပူး၊ အာဆင်နယ်နဲ့ပွဲတွေ ပြီးတဲ့နောက် အသင်းက နည်းနည်း ပင်ပန်းနွမ်းနယ်နေကြသလို ခံစားမိတယ်။
ကျွန်တော်တို့ လှုပ်ရှားမှုတွေက အမြဲနောက်ကျနေခဲ့တယ်။ အထူးသဖြင့် ပထမပိုင်းမှာ လိုင်းတွေကြား သွားလာတာတွေပေါ့။
ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုးတက်လာပါတယ်။ သူတို့လည်း နည်းနည်း အားပျော့သွားတာ ပါမယ်။ ကျွန်တော်တို့ကလည်း တစ်ဦးချင်း ယှဉ်တွေ့တာတွေ ပို လုပ်လာတယ်။ အဲဒီနောက် ပွဲကို ထိန်းချုပ်နိုင်လာပြီး အခွင့်အရေးတွေ ဖန်တီးနိုငခဲ့တယ်။
သူတို့အတွက် ဒီရလဒ်ကို လက်ခံရ ခက်ခဲကောင်း ခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း နိုင်ပွဲ ရဖို့ ထိုက်တန်ပါတယ်။ ” လို့ အမ်မိုရင်းက ပြောဆိုခဲ့ပါတယ်။