ဒီည အိုးထရက်ဖို့ဒ်မှာ မန်ယူက ဘရိုက်တန်ကို ရှုံးမယ်လို့ ခန့်မှန်းချက် ကြိုထုတ်လာတဲ့ ပေါမာဆန်
မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် နဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန် က ယူနိုက်တက်နဲ့ ဘရိုက်တန် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ဒီပွဲက မှန်းဆရ ခက်ခဲပါတယ်။ အိုးထရက်ဖိုဒ့်မှာ ဘရိုက်တန်တို့ အနိုင်ရသွားမယ်တော့ ထင်မိပါတယ်။ ဒီလိုပွဲက ဘရိုက်တန်အတွက် အရမ်းကို အံဝင်တဲ့ပွဲမျိုးဖြစ်ပြီး ယူနိုက်တက်တို့ ရုန်းကန်ရနိုင်ပါတယ်။
လီဗာပူးနဲ့ အာဆင်နယ်တို့ကို ရင်ဆိုင်ကစားပြီး အမ်မိုရင်းတို့ အနိုင်ရခဲ့မယ်လို့ ဘယ်သူမှ မမျှော်လင့်ပါဘူး။ အဲ့ပွဲတွေက သူတို့ လွတ်လွတ်လပ်လပ် ကစားခွင့်ရတဲ့ပွဲတွေပါ။ ဒါပေမယ့် ဒီပွဲမှာတော့ ခြားနားပါတယ်။
ဘရိုက်တန်က အထက်အသင်း ဖြစ်ပေမယ့် ယူနိုက်တက်တို့ နိုင်ရမယ့်ပွဲ ဖြစ်ပါတယ်။ အဲ့ဒီအချက်ကပဲ မန်ချက်စတာ ယူနိုက်တက်ကို ပြဿနာတွေ ပေးသွားမယ် ထင်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်တို့ ခြေချော်သွားရင်လည်း အံ့ဩမှာ မဟုတ်ပါဘူး။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၂ ဘရိုက်တန် ဖြစ်ပါတယ်။
ပွဲကတော့ ဒီ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။