အိုနာနာ ကို မလဲနိုင်သေးရင်တောင် လက်ရှိ ဆောင်းဈေးကွက်မှာ ယူနိုက်တက် ဘာလုပ်သင့်သလဲ အဖြေရှာခြင်း
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဘရိုက်တန်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ နောက်ထပ်တစ်ကြိမ် ထပ်မံရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေရပြီ ဖြစ်ပါတယ်။
မြင်တွေ့နေရတဲ့ စွမ်းဆောင်ရည်အရ ပေါ်တူဂီနည်းပြနဲ့ INEOS တို့ဟာ လာမယ့်ရက်သတ္တပတ်တွေနဲ့ လတွေမှာ ဖြေရှင်းရမယ့်ပြဿနာအချို့ ရှိနေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ဘောလုံးပွဲတစ်ပွဲရှုံးရင် နည်းပြရဲ့ ဗျူဟာက မကောင်းလို့ ဘာလို့ စသဖြင့် ပြောကြပေမယ့် မန်ယူနိုက်တက်ကို တစ်ဦးချင်းအမှားတွေ၊ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေက အများဆုံး ဒုက္ခရောက်စေခဲ့တာပါ။
ဂိုးသမား အိုနာနာရဲ့ ဘရိုက်တန်နဲ့ပွဲက စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်က ရှေ့လျှောက် အမိုရင်အတွက် ဒီဂိုးသမားကို ရေရှည်ဆက်ပြီး ထောက်ခံချင်စိတ် ရှိတော့မှာမဟုတ်တာ သေချာပါတယ်။
ပရီးမီးယားလိဂ် PSR စည်းမျဉ်း ကြောင့်လည်း မန်ယူနိုက်တက်က ဒီလမှာ ဘာမှ မလုပ်နိုင်ပေမယ့် ရေရှည်အတွက် ပန်းတိုင်တစ်ခု ထားရမှာဖြစ်ပါတယ်။
မန်ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီတွေကတည်းက ရေရှည်မကြည့်ဘဲ နာမည်ကြီးရင် ကောက်ခေါ်ပြီး အသင်းမှာ သုံးစားမရတဲ့ကစားသမားတွေ ဖြစ်လာတာလည်း မြင်ရပေါင်းမနည်းတော့ပါဘူး။ အမိုရင် ဒီလဘာလုပ်နိုင်မလဲ ဆိုရင် ဘယ်နောက်ခံ တောင်ပံလူ ခေါ်လို့ ရပါတယ်။
မန်ယူနိုက်တက်က လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မတိုင်ခင် ဦးစားပေးခေါ်မယ့်နေရာတွေ ရှိကောင်း ရှိနိုင်ပေမယ့် ညာသန်နောက်ခံလူ ဒါလော့က ဘယ်တောင်ပံ ထွက်ကစားနေရပြီး တစ်သင်းလုံးကလည်း အချိတ်အဆက်မမိဘူးဆိုရင် အမိုရင်ရဲ့ နည်းဗျူဟာက ကောင်းလား၊ မကောင်းဘူးလားဆိုတာကို ဘယ်လိုမှ ဆုံးဖြတ်လို့ ရမှာမဟုတ်ပါဘူး။
မကြာသေးခင်က မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်နောက်ခံလူ ရာယန် အိတ်-နူရီနဲ့ သတင်းထွက်ခဲ့ပြီး ခေါ်ယူလို့ ရနိုင်မယ့်ပုံပေါ်တဲ့ ပစ်မှတ်ဖြစ်ပါတယ်။ ဘုန်းမောက်နောက်ခံလူ မီလို့စ် ကာကက်ဇ်ကလည်း နောက်ထပ် သရဲနီတွေနဲ့ သင့်တော်မယ့်သူမျိုးပါ။
မန်ယူနိုက်တက်အနေနဲ့ အခုဆောင်းရာသီစေ◌ျးကွက်မှာ လုပ်နိုင်တာကို လုပ်သင့်ပြီး ဂိုးသမားသစ်ကတော့ လာမယ့်နွေရာသီစေ◌ျးကွက်မှာ ခေါ်ယူဖို့ အာရုံစိုက်သင့်ပါတယ်။ ဒီရာသီကုန်တဲ့အထိတော့ အိုနာနာရဲ့နေရာမှာ အက်ဖ်အေဖလားပြိုင်ပွဲမှာ အထင်ကြီးစရာလက်စွမ်းပြခဲ့တဲ့ ဘရင်ဒီယာကို အခွင့်အရေး ပေးသင့်ပါတယ်။