ဆာအဲလက်စ် ပြီးတဲ့နောက် ရက်ကလစ်တို့ စရိတ်ချ စီမံကိန်းကြောင့် ထပ် အထိခံလာရတော့မယ့် ယူနိုက်တက် ဂန္တဝင် ၃ ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ဆာအဲလက်စ်ကို ပြတ်ပြတ်သားသား ရှင်းထုတ်ခဲ့ပြီးတနောက် အသင်း ဂန္တဝင် သုံးဉီးကို ထပ်မံလစာ ဖြတ်တောက်သွားဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်လို ဂန္တဝင်နည်းပြမျိုးကို ပြတ်ပြတ်သားသား အသင်းမှ ရှင်းထုတ်ခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ယခုတစ်ခေါက်မှာတော့ အသင်းသံတမန်ရာထူးတွေ ရယူထားကြတဲ့ ဘရိုင်ယန်ရော့ဘ်ဆင်၊ အီယန်ရိုက်စ် နဲ့ ဒန်းနစ် အိုင်ဝင်တို့ကို ထပ်မံ လစာလျှော့ချသွားမှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပေါင် သန်းရာကျော် အရှုံးပေါ်ထားတဲ့ အသင်းဖြစ်တာကြောင့် ယခုတစ်ခေါက်မှာတော့ မလိုအပ်တဲ့ ထွက်ငွေမှန်သမျှ ကို သေချာစီစဉ်ဖို့ ရက်ကလစ်ဖ် ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အသုံးစရိတ်တွေ လျှော့ချပြီးနောက် ယူနိုက်တက် စီနီယာအသင်းကြီးအတွက် အဓိက ပံ့ပိုးမှုနဲ့အတူ ကွင်းသစ် တည်ဆောက်ရေးတွေကို ဉီးစားပေးသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် အသင်းရှိ မလိုအပ်တဲ့ လုပ်သားအင်အားများစွာကိုလည်း လျှော့ချထားပြီး ဖြစ်သလို ထပ်မံလျှော့ချသွားဖို့အတွက်လည်း စီစဉ်နေတာကြောင့် ဆာဂျင်ရက်ကလစ်ဖ်တို့အဖွဲ့ရဲ့ခြေလှမ်းတွေက စိတ်ဝင်စားဖို့ ကောင်းနေပြီး အောင်မြင်လာနိုင်မလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အသင်းမှာ တာဝန်ယူ စီမံနေတာ တစ်နှစ် ရှိလာပေမယ့် ကွင်းတွင်း ရလဒ်နဲ့ ပုံရိပ်ကောင်း တိုးတက်လာခြင်း မရှိသေးတာတွေက ရက်ကလစ်ဖ် တို့ကို ထောက်ပြစရာ ဖြစ်နေပါတယ်။