အူဘာမီယန်းကို ထည့်မသုံးပါနဲ့တော့လို့ တောင်းဆိုလိုက်တဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း

အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်ကတော့ အာဆင်နယ် နည်းပြအာတီတာကို အသင်းခေါင်းဆောင် အူဘာမီယန်းအား ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်သေးသလို နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းဟာ ကြာသပတေးနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့သလို ယူနိုက်တက်နောက်တန်းကိုလည်း ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပါဘူး။

လာကာဇက်၊ အန်ခီတီရာ၊ ဆာကာတို့လို ကစားသမားတွေအားလုံးဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာ ထိုင်နေခဲ့ရပြီး ကင်းဘဲလ်က အူဘာမီယန်းအနေနဲ့ လက်ရှိမှာတော့ ဘေးထွက်ထိုင်နေဖို့ လိုနေပြီ လို့ ယူဆနေပါတယ်။

“အူဘာမီးယန်း အတွက်တော့ အဲဒီလို ဖြစ်ချင်မှာမဟုတ်ပါဘူး။ ဟုတ်တယ် မလား။ ဒါပေမယ့် အခုက သူ အသင်းထဲကနေ ဘေးထွက်နေရမယ့် အချိန်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူ ဘာတွေလုပ်နေနေ၊ ဘာတွေကြိုးစားနေနေ အဲဒါက အရေးမပါပါဘူး။ အဲဒါက ဖြစ်လာမှာမဟုတ်ပါဘူး။

ကျွန်တော်တို့အသင်းက သူ့ကို ထမ်းပိုးထားရတဲ့ပုံပေါ်နေပါတယ်။ သူ အဲဒါကို လက်မခံလို့ မရပါဘူး။ ကြည့်ရတာ နာကျင်စရာပါပဲ။ သူ ကစားတာကို ကြည့်ရတာ တကယ်ကို နာကျင်စရာပါပဲ”လို့ ကီဗင် ကမ်းဘဲလ် ပြောကြားခဲ့ပါတယ်။

ZG

အာဆင္နယ္ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္ကေတာ့ အာဆင္နယ္ နည္းျပအာတီတာကို အသင္းေခါင္းေဆာင္ အူဘာမီယန္းအား ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခဲ့ဖို႔ လိုအပ္ေနၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

ဂါဘြန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းေနခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၄ ဂိုးသာ သြင္းယူႏိုင္ေသးသလို ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္းဟာ ၾကာသပေတးေန႔ညက မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ တိုက္စစ္ကို ဦးေဆာင္ခဲ့ၿပီး အပိုင္အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့သလို ယူႏိုက္တက္ေနာက္တန္းကိုလည္း ၿခိမ္းေျခာက္ႏိုင္စြမ္း မရွိခဲ့ပါဘူး။

လာကာဇက္၊ အန္ခီတီရာ၊ ဆာကာတို႔လို ကစားသမားေတြအားလုံးဟာ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံမွာ ထိုင္ေနခဲ့ရၿပီး ကင္းဘဲလ္က အူဘာမီယန္းအေနနဲ႔ လက္ရွိမွာေတာ့ ေဘးထြက္ထိုင္ေနဖို႔ လိုေနျပီ လို႔ ယူဆေနပါတယ္။

“အူဘာမီးယန္း အတြက္ေတာ့ အဲဒီလို ျဖစ္ခ်င္မွာမဟုတ္ပါဘူး။ ဟုတ္တယ္ မလား။ ဒါေပမယ့္ အခုက သူ အသင္းထဲကေန ေဘးထြက္ေနရမယ့္ အခ်ိန္ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ သူ ဘာေတြလုပ္ေနေန၊ ဘာေတြႀကိဳးစားေနေန အဲဒါက အေရးမပါပါဘူး။ အဲဒါက ျဖစ္လာမွာမဟုတ္ပါဘူး။

ကြၽန္ေတာ္တို႔အသင္းက သူ႔ကို ထမ္းပိုးထားရတဲ့ပုံေပၚေနပါတယ္။ သူ အဲဒါကို လက္မခံလို႔ မရပါဘူး။ ၾကည့္ရတာ နာက်င္စရာပါပဲ။ သူ ကစားတာကို ၾကည့္ရတာ တကယ္ကို နာက်င္စရာပါပဲ”လို႔ ကီဗင္ ကမ္းဘဲလ္ ေျပာၾကားခဲ့ပါတယ္။