တူရကီမြေမှာ ပြိုင်ဘက်တွေအဖြစ် ပြန်တွေ့နေကြတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း ၂ ဦး

တူရကီကလပ် ဘက်ဆစ်တပ် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ၂၀၁၈ ဒီဇင်ဘာလကနေ ၂၀၂၁ နိုဝင်ဘာလအထိ ဆောင်ရွက်ခဲ့သူပါ။

၎င်းဟာ ၂၀၂၁ ခုနှစ်အတွင်း ရာထူးကနေ အထုတ်ခံရပြီးတဲ့နောက် ၃ နှစ်ကျော် အကြာမှပဲ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ဘက်ဆစ်တပ် အသင်းနဲ့ ၂၀၂၆ နွေရာသီအထိ ၁ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး လစာအဖြစ် ပေါင် ၃ သန်းရရှိမှာဖြစ်ပါတယ်။

တူရကီမှာ ဆိုးရှားအရင် ကလပ်တစ်သင်းကို ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက် နည်းပြဟောင်း တစ်ဦးကလည်း ရှိနေပါသေးတယ်။

မန်ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုကလည်း ဖီနာဘာချီအသင်းကို ကိုင်တွယ်နေတာပါ။

လာမယ့် လအနည်းငယ် အကြာ မေလ ၄ ရက်နေ့မှာ ဖီနာဘာချီနဲ့ ဘက်ဆစ်တပ် အသင်းတို့ ဆုံတွေ့ရမှာဖြစ်လို့ သရဲနီနည်းပြဟောင်း ၂ ဦးကြား ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။