နည်းပြသစ် ရန်းနစ်ရဲ့ ပွဲဦးထွက်မှာ မျက်နှာပန်းမလှတော့ဘဲ ကွင်းဘေး ငြိမ်နေရဖွယ် ရှိတဲ့ ရော်နယ်ဒို

မန်ယူ တိုက်စစ်သမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ကို ဒူးပြဿနာကြောင့် ပါဝင်ကစားပေးဖို့ မရေမရာြ၏ ဖြစ်နေတယ်လို့ သိရပါတယ်။

ထိုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ပထမဆုံးအကြိမ် စတင်ကိုင်တွယ်မယ့် ယာယီနည်းပြသစ်ဖြစ်တဲ့ ရာ့လ်ဖ် ရန်းနစ်ခ်ဆီ အားလုံး အာရုံစိုက်နေကြမှာ ဖြစ်ပေမယ့် ဂျာမန်လူမျိုးနည်းပြအနေနဲ့ အသင်းရဲ့ကြယ်ပွင့် ကစားသမား မပါဝင်ဘဲ ယှဉ်ပြိုင်သွားရဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒိုဟာ ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညနေက အာဆင်နယ်ကို ၃-၂ နဲ့ အနိုင် ရခဲ့တဲ့ပွဲမှာ မန်ယူအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝ ဂိုးပေါင်း ၈၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်သတင်းတွေ အဆိုအရ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပွဲစဉ်အတွင်း ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး နောက်ပွဲ ကစားနိုင်ဖို့ မသေချာ ဖြစ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာ သတင်းရင်းမြစ်အချို့ရဲ့ ပြောကြားချက်အရ အဲဒီဒူးဒဏ်ရာဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ အောင်ပွဲခံဟန်ကြောင့် ရရှိခဲ့တာဖြစ်ပြီး အမြင့်ခုန်ပြီး လေထဲမှာ ခန္ဓာကိုယ် တစ်ပတ်လည်ပြီး ပြန်အကျမှာ ဒဏ်ရာရရှိသွားခဲ့ပုံ ရပါတယ်။

ရော်နယ်လ်ဒိုဟာ ပွဲစဉ်တလျှောက်လုံးကို ဒူးဒဏ်ရာနဲ့ ဆက်လက်ကစားနေခဲ့တာဖြစ်ပြီး ပွဲကစားချိန်ပြည့်ဖို့ ၂ မိနစ် အလိုမှာ အန်သိုနီ မာစီယယ်လ်နဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက် ကွင်းအတွင်းကနေ ထော့နဲ့ ထော့နဲ့ပုံစံနဲ့ ထွက်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ၁၂ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။

ZG

မန္ယူ တိုက္စစ္သမား ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔မွာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္ကို ဒူးျပႆနာေၾကာင့္ ပါဝင္ကစားေပးဖို႔ မေရမရာျ၏ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ထိုပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ကို ပထမဆုံးအႀကိမ္ စတင္ကိုင္တြယ္မယ့္ ယာယီနည္းျပသစ္ျဖစ္တဲ့ ရာ့လ္ဖ္ ရန္းနစ္ခ္ဆီ အားလံုး အာရံုစိုက္ေနၾကမွာ ျဖစ္ေပမယ့္ ဂ်ာမန္လူမ်ိဳးနည္းျပအေနနဲ႔ အသင္းရဲ႕ၾကယ္ပြင့္ ကစားသမား မပါဝင္ဘဲ ယွဥ္ၿပိဳင္သြားရဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘလြန္းဒီေအာ ၅ ဆုရွင္ ေရာ္နယ္ဒိုဟာ ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ညေနက အာဆင္နယ္ကို ၃-၂ နဲ႔ အႏိုင္ ရခဲ့တဲ့ပြဲမွာ မန္ယူအတြက္ ၂ ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ကစားသမားဘဝ ဂိုးေပါင္း ၈၀၀ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ အဂၤလန္သတင္းေတြ အဆိုအရ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပြဲစဥ္အတြင္း ဒူးဒဏ္ရာ ရရွိသြားခဲ့ၿပီး ေနာက္ပြဲ ကစားနိုင္ဖို႔ မေသခ်ာ ျဖစ္ေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ သတင္းရင္းျမစ္အခ်ိဳ႕ရဲ႕ ေျပာၾကားခ်က္အရ အဲဒီဒူးဒဏ္ရာဟာ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ေအာင္ပြဲခံဟန္ေၾကာင့္ ရရွိခဲ့တာျဖစ္ၿပီး အျမင့္ခုန္ၿပီး ေလထဲမွာ ခႏၶာကိုယ္ တစ္ပတ္လည္ၿပီး ျပန္အက်မွာ ဒဏ္ရာရရွိသြားခဲ့ပုံ ရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပြဲစဥ္တေလွ်ာက္လုံးကို ဒူးဒဏ္ရာနဲ႔ ဆက္လက္ကစားေနခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ျပည့္ဖို႔ ၂ မိနစ္ အလိုမွာ အန္သိုနီ မာစီယယ္လ္နဲ႔ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီးေနာက္ ကြင္းအတြင္းကေန ေထာ့နဲ႔ ေထာ့နဲ႔ပုံစံနဲ႔ ထြက္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ ၁၂ မွတ္ ကြာဟေနဆဲ ျဖစ္ပါတယ္။