ဂါနာချို အပြောင်းအရွှေ့ စကားပြောရင်း ချဲလ်ဆီးကြယ်ပွင့်ကို ခေါ်ယူရေး ဆွေးနွေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီးအသင်းက ဂါနာချိုကို ခေါ်ယူဖို့ ကြိုးပမ်း နေတာကြောင့် ခရစ္စတိုဖာ အန်ကွန်ကူရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ် လို့ သိရပါတယ်။
အန်ကွန်ကူဟာ ဒီရာသီမှာ ၁၃ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ ၁၃ ဂိုး သွင်းယူထားပေမယ့် ပထမအသင်းနဲ့ ပွဲထွက်ပါဝင်ခွင့်ဟာ ယူရိုပါကွန်းဖရင့်လိဂ်နဲ့ ဖလားပြိုင်ပွဲတွေမှာသာ ရရှိခဲ့တာဖြစ်ပါတယ်။
ပြင်သစ် တိုက်စစ်မှူးဟာ မာရက်စ်ကာလက်အောက် ပရီးမီးယားလိဂ်မှာ ၃ ပွဲသာ ပွဲထွက်ခွင့် ရခဲ့တာကြောင့် မပျော်မရွှင်ဖြစ်ခဲ့ပြီး သရဲနီတွေက ဒီဇင်ဘာလတုန်းက အန်ကွန်ကူကို စိတ်ဝင်စားနေတယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ကလည်း အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ESPN ရဲ့ သတင်းအရ အမိုရင်ရဲ့အသင်းဟာ အန်ကွန်ကူရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အခြေအနေတိုးတက်မှုကို အသိပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းက ဂါနာချိုကို တရားဝင် ကမ်းလှမ်းမှူ ပြုလုပ်ခဲ့ချိန်မှာ အဲဒီအတိုင်း ပြောဆိုခဲ့တာဖြစ်ပြီး အာဂျင်တီးနား ကြယ်ပွင့်က ဒီလမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာနိုင်တဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘဏ္ဍာရေး အခြေအနေ အရ ဂါနာချိုကို ရောင်းထုတ်ဖို့ မလိုအပ်ပေမယ့် သင့်တော်တဲ့ကမ်းလှမ်းမှု ရှိလာရင် စဉ်းစားသွားမှာ ဖြစ်ပါတယ်။