ဒီတခါတော့ မလွဲစေရဘူး ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ဖူလ်ဟမ် Vs မန်ယူပွဲကြို ခန့်မှန်း ဟောကိန်းထုတ်ချက်

မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့ တွေ့နေပြီး လန်ဒန်သို့ အဝေးကွင်း ပွဲ သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲကတော့ လာမယ့် တနင်္လာနေ့ မြန်မာစံတော်ချိန် နံနက် ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ဖူလ်ဟမ် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ကျွန်တော် ပြီးခဲ့တဲ့ အပတ်က လုံးဝ လွဲသွားတယ်၊ မန်ချက်စတာ ယူနိုက်တက်ကို ဘရိုက်တန်နဲ့ သရေကျမယ် မှန်းထားခဲ့တာလေ။

စိတ်ထဲ ဘရိုက်တန်က ပိုကောင်းတဲ့ အသင်းလို့ တွေးနေပေမယ့် အဲဒါကို နားမထောင်ခဲ့မိဘူး။ ဒီပွဲမှာလည်း ဖူလ်ဟမ်က ပိုကောင်းမယ် အာရုံရနေပြန်ပါပြီ။ ဒီတခါတော့ မလွဲစေရတော့ဘူး။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းကတော့ သူ့အသင်း သူ အဆိုးဆုံး ယူနိုက်တက် လို့ ပြောခဲ့မိတာတွေရဲ့ နောက်ဆက်တွဲတွေ ရင်ဆိုင်နေရပါပြီ။ သူကတော့ သူ့ကိုယ်သူ ပြောတာပါ လို့ ပြန် လျှောချ ဖြေရှင်းလိုက်ရပြီ။

ဒါက ပါးနပ်တဲ့ လုပ်ရပ်လို့တော့ ကျွန်တော် မထင်ဘူး။ သူ ဘယ်လိုပဲ ရည်ရွယ်သည် ဖြစ်စေပေါ့။ ကျွန်တော်လည်း အမ်မိုရင်းကို သဘောကျပါတယ်။ ဒါပေမယ့် သူ စိတ်လိုက်မာန်ပါ လုပ်ရင်တော့ မလွယ်နိုင်ဘူး။

ဒီပွဲကို သေချာ ပြောရအောင်ပါ။ ဖူလ်ဟမ်ကတော့ တိုက်စစ်ဖွင့်မှာပဲ။ သူတို့က ယူနိုက်တက်ထက် လုပ်ရဲကိုင်ရဲ ရှိတယ်။ ပွဲကို မောင်းနှင်လိမ့်မယ်။

ဒီပုံစံက အရင် ယူနိုက်တက် ဆိုရင်တော့ အကြိုက်ပေါ့။ ဒါပေမယ့် အခုက ဒီပွဲရလဒ်ပေါ် မူတည်ပြီး သူတို့ အခြေအနေကလည်း ပြောင်းလဲသွားနိုင်တော့ ခေါင်းနဲ့ ပန်းလိုပဲ.. ဘာမဆို ဖြစ်နိုင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ်ကတော့ ဖူလ်ဟမ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။