အန်တိုနီ တကယ်သွားပါပြီ၊ မန်ချက်စတာ ယူနိုက်တက်ကနေ တခြားကလပ် အသင်းဆီ ..
မန်ချက်စတာ ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ လာလီဂါကလပ် ဘက်တစ်သို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရွှေ့ကစားပြီ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ ဘရာဇီးကစားသမားဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အေဂျက်စ်မှ ပေါင် ၈၁.၃ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်သမိုင်းတွင် ပေါ့ဘာပြီးလျှင် ဒုတိယပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်အတွက် ၉၆ ပွဲကစားထားရာမှာ ၁၂ ဂိုးသွင်းထားနိုင်ပေမဲ့ ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်းမှာ ပရီးမီးယားလိဂ်ဂိုး ၁ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
အန်တိုနီရဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လက်ရှိ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးပါမယ်။
အန်တိုနီဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ၃ ပွဲတွင် ၃ ဂိုးသွင်းယူကာ တာထွက်ကောင်းမွန်ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ပွဲထွက်ကစားသမားနေရာရရှိရန်ပင် ရုန်းကန်ခဲ့ရပါတယ်။
သူဟာ ယခုရာသီ ယူနိုက်တက်ပြိုင်ပွဲအရပ်ရပ် ၃၃ ပွဲတွင် ၁၃ ပွဲတည်းသာ ကစားခွင့်ရထားပါတယ်။