မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တွေ လုပ်ပုံ အားမရလို့ ကပ္ပတိန် ဖာနန်ဒက်စ် လူရှေ့ထွက် မာန်ပြီ
အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကတော့ မန်ချက်စတာ ယူနိုက်တက် လက်ရှိ အခြေအနေ ဆိုးနေတဲ့ ဘောလုံးရာသီကနေ အမြန်ဆုံး ပြန်ရုန်းထနိုင်ဖို့ ဇ ရှိရှိ ကြိုးစားကြစမ်းပါ လို့ အသင်းဖော်တွေအား ဆူပူ ကြိမ်းမောင်း တွန်းအားပေးလိုက်ပါတယ်။
ဖာနန်ဒက်စ်ဟာ ကြားရက်က ရိမ်းဂျားစ်နဲ့ ယူရိုပါလိဂ် ပွဲမှာ ယူနိုက်တက် နိုင်ပွဲရအောင် ကူညီ ကယ်တင်ပေးခဲ့ပါသေးတယ်။
” တကယ့် လက်တွေ့ အရှိတရားကတော့ ဒီမှာ ဆိုရင် ဖိအားတွေနဲ့ အတူ ကစားနေရမှာပဲ။ ဒီကလပ် အသင်းအတွက် ဇ ရှိရှိ မာန်ပါပါ အားထုတ် ကစားကြစမ်းပါ။ ဒါပဲ လိုတယ်။
အချိန်တိုင်းမှာ ပွဲတိုင်းမှာ ဒါက ငါတို့ ထိုက်တန်တဲ့နေရာဆီ ပြန်သွားဖို့ အခွင့်အရေးပဲကွ လို့ မြင်ကြစမ်းပါ။
ဒီရာသီ ကံမကောင်းစွာပဲ အသင်းက အတက်အကျတွေ အရမ်းများတယ်။ မျှော်မှန်းထားတဲ့ နေရာ ရောက်တော့မှာပဲ လို့ ထင်လိုက် ပြန်ပြုတ်ကျလိုက်နဲ့ သွားနေတယ်။
အခု ငါတို့ လုပ်ရမှာက တချက် အထိုးခံလိုက်ရလို့ လဲသွားရင် ပြန်ထပြီး ပြန်ထိုးဖို့ပဲ။ ” လို့ ဘရူနို ဖာနန်ဒက်စ်က အသင်းဖော်တွေအား လှုံ့ဆော် အားပေးခဲ့တာပါ။
ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲ ယှဥြ်ပိုင် ကစားရမှာ ဖြစ်ပြီး ဒီပွဲကလည်း ယူနိုက်တက် အတွက် လွယ်ကူနိုင်ဖွယ် မရှိပါဘူး။