ယူနိုက်တက်မှာ နှစ်လအတွင်း အသက် ၁ဝ နှစ် ပိုကြီးသွားပြီ ဆိုတဲ့ နည်းပြ အမ်မိုရင်း
မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်း ဟာ အသက်အရွယ်အရ ငယ်ရွယ်သေးတဲ့ နည်းပြ တစ်ဦးသာ ဖြစ်ပြီး ဖူလ်ဟမ်ကို နိုင်တဲ့ ပွဲနေ့ပြီး နောက်ရက်မှသာ အသက် ၄ဝ ပြည့်တာ ဖြစ်ပါတယ်။
အမ်မိုရင်း အတွက် Happy Birthday လို့ သတင်းသမားတွေက ပြောရာမှာ ပေါ်တူဂီသားကတော့ သူ့အသက်က ယူနိုက်တက် ရောက်နေတဲ့ နှစ်လအတွင်း အတော် အိုစာသွားသလိုပဲ လို့ အရွှန်းဖောက်က ပြောသွားခဲ့ပါတယ်။
” အသက် ၄ဝ ပြည့်သွားတာ မဟုတ်ဘူ.. ကျွန်တော်က အခု အသက် ၅ဝ။ မန်ချက်စတာ ယူနိုက်တက်မှာ နှစ်လ ကြာပြီးတဲ့နောက် ကျွန်တော် အသက် ၅ဝ ရောက်သွားသလိုပဲ။” လို့ ရယ်မော ပြောဆိုခဲ့တာပါ။
ဆက်လက်ပြီး အမ်မိုရင်းက ” ဒီမှာ အသက် ၄ဝ ပြည့် မွေးနေ့ကို ကြုံလိုက်ရတာတော့ ထူးခြားတဲ့ အခွင့်အရေး ပေါ့ဗျာ။ ကစားသမားတွေက မနက်ဖြန် နားရက် ပေးဖို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော် မပေးခဲ့ဘူး။
ဒီတော့ မွေးနေ့လည်း ထရိန်နင်မှာပေါ့ဗျာ။ ဒါပေမယ့် အသင်းက နိုင်ထားလို့ ပျော်စရာ ကောင်းမှာပါ။ ပြီးမှပဲ ကျွန်တော့် ကလေးတွေနဲ့ ဒင်နာ စားမယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ တာဝန်ဟာ မျှော်လင့်ထားတာထက် ကြီးလေးတာကို အမ်မိုရင်းလည်း သဘောပေါက်လာပုံရပြီး ဖိအားတွေကို ကိုင်တွယ်ဖို့ ကြိုးစားနေပုံ ရပါတယ်။