ဇန်နဝါရီ ဈေးကွက် နောက်ဆုံးအပတ်ထဲ ယူနိုက်တက် ရဲ့ ကစားသမား အဝင် အထွက် ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့များ

ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးအပတ်ထဲ ရောက်လာပြီ ဖြစ်ပြီး ယူနိုက်တက်ဟာ ကစားသမား ဝယ်ယူမှု ရောင်းချ အငှားထုတ်မှုတွေကိုပါ ခပ်သွက်သွက် လုပ်ေ်ဆာင်လာဖွယ် ရှိပါတယ်။

ကစားသမား အဝင်

ယူနိုက်တက်ဟာ လိစ်စ် အသင်းမှ ပက်ထရစ်ဒေါ်ဂူကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

အသက် ၂ဝ အရွယ် ဒိန်းမတ်သား ဘယ်နောက်ခံလူဟာ ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးခေါ်ယူတဲ့ ကစားသမားအဖြစ် အိုးထရက်ဖို့ဒ်သို့ ရောက်လာပါတော့မယ်။

ယူနိုက်တက်ဟာ ချယ်ဆီးအသင်းမှ တိုက်စစ်သမား အန်ကွန်ကူ ကို အလဲထပ်နဲ့ ခေါ်ဖို့ မေးမြန်းထားသလို နောက်ခံလူ ဘန်ချေးဝဲလ် အခြေအနေကိုလည်း စောင့်ကြည့်နေပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဝုဗ် အသင်းခေါင်းဆောင် တိုက်စစ်သမား ကွန်ဟာ ကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာလည်း ယူနိုက်တက် ပါဝင်ပါတယ်။

ကစားသမား အထွက်

ယူနိုက်တက် ကွင်းလယ် ကစားသမား ကာဆီမီရိုကတော့ အသင်းထံမှ အငှားထွက်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး စီးရီးအေကို ထွက်ခွါဖို့ ရှိနေပါတယ်။

နည်းပြ အမ်မိုရင်းကတော့ ရက်ဖို့ဒ်ကို သူ မသုံးဘူးလို့ စကားလုံး ပြင်းပြင်းတွေနဲ့ အပြတ် ပြောထားပါပြီ။ ဒါပေမယ့် အင်္ဂလန်သားရဲ့ လစာကြောင့် ကမ်းလှမ်းမှု မရှိလာသေးပါဘူး။

ယူနိုက်တက် နည်းပြဟောင်း ဆိုးရှား ကိုင်တွယ်နေတဲ့ ဘက်ဆစ်တပ် အသင်းကတော့ ရက်ဖို့ဒ်ကို စိတ်ဝင်စားကြောင်း သတင်းထွက်နေပေမယ့် ကစားသမားဘက်ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည် ရွေးချယ်ခံရဖို့အတွက် ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုမှာပဲ ဆက်ကစားချင်ပြီး တူရကီကို သွားဖို့ ဆန္ဒမရှိပါဘူး။

ယူနိုက်တက်ဟာ အစောပိုင်းတုန်းက တောင်ပံ ကစားသမား ဂနာချိုကို အသင်းမှာ ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ယခုတစ်ခေါက်မှာတော့ ပြန်လည် ရောင်းချဖို့သာ ရွေးချယ်လိုက်ကြောင်း သိရှိရပါတယ်။

Homegrown ကစားသမား ဖြစ်လို့ ဂါနာချို ရောင်းရငွေဟာ အသားတင် အမြတ်အဖြစ် စာရင်းဝင်မှာက ယူနိုက်တက် ဂါနာချိုကို ရောင်းချင်နေတဲ့ အဓိက အချက်ပါ။ ဒါပေမယ့် ပေါင် သန်း ၆ဝ ဆိုဈေးကြောင့် နာပိုလီ မလှုပ်တော့ပေမယ့် ချယ်ဆီးက ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။