အမ်မိုရင်းကြောင့် ကမ္ဘာ့ ထိပ်တန်း နည်းပြတစ်ဦးကိုပါ ထပ်ခေါ်ပြီး လေ့ကျင့်ပေးနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ အမ်မိုရင်း ရောက်လာပြီးနောက် ကမ္ဘာ့ ထိပ်တန်း အားကစား ကြံ့ခိုင်ရေး နည်းပြ ကို ခေါ်ယူပြီး ယူနိုက်တက် အသင်းသားတွေကို လေ့ကျင့်ပေးနေပါတယ်။

အမ်မိုရင်းက ယူနိုက်တက် အသင်းသားတွေရဲ့ ခန္ဒာကိုယ် အဆီ နဲ့ ယေဘူယျ ကြံ့ခိုင်မှု အပိုင်းကို စိတ်တိုင်း မကျ ဖြစ်ခဲ့တာပါ။ အဲရစ်တန်ဟက် ထွက်ခွာပြီး သူ စတင် တာဝန်ယူတဲ့ နိုဝင်ဘာတည်းက ထိုကိစ္စကို ထောက်ပြခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်က ကမ္ဘာ့ထိပ်တန်း အားကစား ကြံ့ခိုင်ရေး နည်းပြ ဟယ်ရီ မာရာ ကို ခေါ်ယူကာ လေ့ကျင့်ပေးစေတာ သီတင်းပတ် အတော်ကြာ ရှိနေပြီ လို့ The Times သတင်းက ဖော်ထုတ်လာပါတယ်။

မာရာဟာ အိုလံပစ် ရွှေတံဆိပ်ဆုရှင် အားကစားသမား အက်ရှ်တန် အီတန်နဲ့ အတူ လူသိများခဲ့တာပါ။ အသက် ၇၈ နှစ် အရွယ် နည်းပြဟာ မေဂျာလိဂ် ဘေ့စ်ဘော အသင်း San Francisco Giants အတွက်လည်း မြန်နှုန်းနဲ့ ကြံ့ခိုင်မှု အကြံပေးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဒါကြောင့် မာရာ ကို ရလိုက်တာဟာ ယူနိုက်တက် အတွက် တကယ့် ဂုရုကြီး တစ်ယောက် ရထားသလို ဖြစ်နေပြီး အပြောင်းအလဲတွေ မြင်ရဖို့ ရင်ခုန်စရာ ဖြစ်နေပါတယ်။

မာရာက ၂၀၁၆ ရီယို အိုလံပစ်ပြိုင်ပွဲမှာ World Athletics Coach of the Year ဆု ရခဲ့သူ ဖြစ်ပါတယ်။

မာရာရဲ့ အကူအညီနဲ့ အတူ ယူနိုက်တက် အသင်းသားတွေ ခန္ဒာကိုယ်က အဆီပိုတွေ လျှော့ချကာ ကြံ့ခိုင်မှု အပြည့်န့ ကစားနိုင်ဖို့ မျှော်လင့်လာရပြီ ဖြစ်ပါတယ်။