မန်ချက်စတာ ယူနိုက်တက်မှာ ဂိုးသမား အိုနာနာက ရေရှည် ကောင်းလာမယ့်သူ လို့ ဗန်ဒါဆားကြီး ထောက်ခံချက်ပေး

မန်ချက်စတာ ယူနိုက်တက် မှာ ဂိုးသမား အိုနာနာ က အချိန်ကြာလာရင် အတွေ့အကြုံတွေနဲ့ အတူ ပိုကောင်းလာမယ် လို့ သရဲနီ ဂိုးသမားဟောင်းကြီး ဗန်ဒါဆားက အံ့အားသင့်ဖွယ် ထောက်ခံလိုက်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ဂိုးသမားဟာ အမှားတွေ လုပ်လေ့ရှိသလို လက်စွမ်းကောင်းကို ပွဲဆက် တည်ငြိမ်အောင် ထိန်းမထားနိုင်တာကြောင့် ပရိသတ်တွေ ငြိုငြင်မှု ခံယူနေရတာပါ။

ဗန်ဒါဆား က ” ကျွနေ်တာ်ကတော့ အခုချိန်က ပြောဖို့ စောသေးတယ် ထင်တယ်။ ဒါပေမယ့် အင်ဒရေ (အိုနာနာ) က ရှေ့မှာ သိပ်ကောင်းတဲ့ အနာဂတ် ရှိပါတယ်။ သူက အတွေ့အကြုံတွေလည်း ရလာနေတယ်။ ဂိုးသမား တစ်ယောက် ရှိရမယ့် အရည်အသွေးတွေ သူ့မှာ အကုန် ရှိတယ်။

ဒီတော့ နောက် ၅ နှစ် နှစ်နေရင် သူ အများကြီး ပိုတိုးတက်လာမယ် ကောင်းလာမယ် ထင်တယ်။ သူက ယူနိုက်တက်မှာ ရေရှည် ဂိုးသမား ဖြစ်ဖို့ မှန်ကန်တဲ့ attitude လည်း ရှိတယ် လို့ မြင်တယ်။ ” လို့ ထောက်ခံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ မနေ့ည က ယူရိုပါလိဂ် ပွဲမှာတော့ နည်းပြ အမ်မိုရင်းက အိုနာနာကို အနားပေးထားပြီး ဘေယင်ဒါနဲ့ ပွဲထွက် ကစားစေခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။