တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ ပဲလေ့စ် ပွဲစဉ်မှာ အိမ်ရှင်အသင်း မနိုင်ဘူး ဆိုတဲ့ ဆရာကြီး ပေါမာဆန်

မန်ချက်စတာ ယူနိုက်တက် က ဒီအပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ယူနိုက်တက်နဲ့ ပဲလေ့စ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” မန်ချက်စတာ ယူနိုက်တက်က ဖူလ်ဟမ်နဲ့ ပွဲတုန်းက ကံကောင်းလို့ နိုင်တာ လို့ ကျွန်တော် ထင်တယ်။ ယူနိုက်တက်က press လည်း လုပ်တာ မဟုတ်ဘူး။

ပဲလေ့စ် တိုက်စစ်သမား Eberechi Eze ကတော့ ဒီပွဲ ဘောလုံး အတော် ကိုင်ရမယ်လို့ ထင်တယ်။ သူ့မှာ အချိန်ရော နေရာပါ ရရင် ပြဿနာတွေ ပေးပါလိမ့်မယ်။

မားကပ် ရက်ဖို့ဒ်ရဲ့ ယူနိုက်တက်က အခြေအနေက ပြဿနာကြီး တစ်ခုပါ။ ကျွန်တော်သာ အသင်း ပိုင်ရှင် ဆိုရင် ရှေ့ဆက် ဘာလုပ်ရမလဲ ခေါင်းကုတ်နေရလောက်ပြီ။

ရူဘင် အမ်မိုရင်းကသာ ရက်ဖို့ဒ်က ကစားသမားကောင်းပါ၊ အသင်း system နဲ့ မကိုက်လို့ပါ ဆိုရင် မန်ချက်စတာ ယူနိုက်တက်က ဝယ်လက်တွေကို မျှော်လို့ ရဦးမယ်။ ဒါပေမယ့် အခုက အဲဒီလို လုံးဝ မဟုတ်ဘူး။

ရက်ဖို့ဒ်ရဲ့ အသင်း ထရိန်နင်က အပြုအမူတွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး အခုနေမှာ ဘယ်လို ဝယ်လက် ကလပ် အသင်းကို ရှာနိုင်မလဲ။

ဒီပွဲ မန်ချက်စတာ ယူနိုက်တက် နိုင်မယ် လို့ မထင်ဘူး။ ဒီပွဲက အပြန်အလှန် အကြိတ်အနယ် ဖြစ်ပြီး သရေကျမယ် ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၂ ခရစ္စတယ်ပဲလေ့စ် ဖြစ်ပါတယ်။

ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။