ယူနိုက်တက်က အတိတ်က အမှားတွေကနေ သင်ခန်းစာ ရသွားခဲ့ပြီလို့ ဗြိတိန်သတင်းဌာနတွေ သုံးသပ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရက်ဖို့ဒ်ကို အက်စတွန်ဗီလာထံ လက်လွှတ်ခဲ့သလို အန်တိုနီကိုလည်း အငှားချခဲ့ပေမယ့် တိုက်စစ်မှုးသစ် ထပ် မခေါ်ခဲ့ပါဘူး။

ယူနိုက်တက်ဟာ အတိတ်က ဈေးကွက်တွေကို သင်ခန်စာယူခဲ့ပြီး ကမူးရူးထိုး ခေါ်ယူခြင်းတွေ မလုပ်တော့ဘူးလို့ ဗြိတိန် သတင်းဌာနတွေက ဖော်ပြပါတယ်။

လက်ရှိဈေးကွက်မှာ ယူနိုက်တက်ကတော့ ရက်ဖိုဒ့်နဲ့ အန်တိုနီတို့ကို အငှား နဲ့ လက်လွှတ်ခဲ့ပြီး ဘယ်အစွန်လူ ဒိုကူနဲ့ ခံစစ်သမား ဟီးဗန်းတို့ကလွဲလို့ တိုက်စစ်သမားသစ် အင်အားဖြည့်ခဲ့ခြင်း မရှိပါဘူး။

ဘိုင်ယန်မြူးနစ် တိုက်စစ်သမား Tel အပါအဝင် နာမည်ရှိ ကစားသမား တစ်ဦးမှကို ခေါ်ယူခြင်း မရှိဘဲ လက်ကျန် ဘောလုံးရာသီကို ကျော်ဖြတ်ခြင်းဟာ စွန့်စားမှုဖြစ်လာနိုင်တယ်။ ဒါပေမယ့် သေးငယ်တဲ့ လူစာရင်းကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ရင် နွေမှာ ထိပ်တန်း တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ နေရာလွတ် ရှိနေမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ကို အမ်မိုရင်း တာဝန်ယူခဲ့ကတည်းက ဥရောပရဲ့ အတောက်ပဆုံး တိုက်စစ်သမားဖြစ်တဲ့ ခရိုးကီယက်စ်ကိုမန်ချက်စတာ ကလပ်က သတင်းတွေထွက်နေတာပါ။ ဆွီဒင်သားဟာ ဒီရာသီမှာ သွင်းဂိုး ၃၄ ဂိုးထိ သွင်းယူထားသူလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဟွိုင်လန်းနဲ့ ဇက်ဇီးတို့ နှစ်ဦးအတွက် ပေါင် သန်း ၁၁၀ ထိ အကုန်အကျ ခံထားခဲ့ပေမယ့် သွင်းဂိုး ၁၁ ဂိုးပဲ သွင်းထားနိုင်တယ်။ ဒါပေမယ့်လည်း အလျင်စလို ခေါ်ယူမှုဖြင့် ရက်ဖိုဒ့်တို့နေရာကို အစားထိုးဖို့ကို ရှောင်ရှားဖို့ အမ်မိုရင်းက ဆုံးဖြတ်ခဲ့ပါတယ်။

ရက်ဖိုဒ့်နဲ့ အန်တိုနီတို့ကို လက်လွတ်ခြင်းဟာ ယူနိုက်တက်ရဲ့ လုပ်ခပိုင်း လျော့ချမှုကို ကြီးကြီးမားမား အကျိုးဖြစ်ထွန်းစေခဲ့တယ်။ လာမယ့်နွေမှာ ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှုပိုင်းအရ ကစားသမား ရောင်းချမှု အချို့ လုပ်ဆောင်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။