မာသီ တဲလ်ကို ခေါ်ခွင့်ရပေမယ့် အငှားကြေး ဈေးများတယ် ဆိုပြီး နောက်ဆုတ်ခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ကနေ မာသီ တဲလ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ဈေးကြီးလွန်းတယ်လို့ ခံစားခဲ့ရတာကြောင့် လက်လွှတ်ခဲ့တာလို့ သိရပါတယ်။
တဲလ်ဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက စပါးစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ထဲက တသင်းကို ပြောင်းရွှေ့ဖို့ စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာကမ်းလှမ်းမှုမှ ရောက်မလာခဲ့တာကြောင့် မာသီ တဲလ်က အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ စပါးစ်ကို ပြောင်းဖို့ သဘောတူလိုက်ရတာ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးဟာ မာသီတဲလ်ကို လာမယ့်နွေရာသီမှာ ယူရို သန်း ၆၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
The Telegraph ရဲ့ဖော်ပြချက်အရ မန်ယူနိုက်တက်က ဘိုင်ယန်နဲ့ ဈေးကွက်ခါနီး ဆွေးနွေးခဲ့ပေမယ့် ဘာမှ သက်သေ မပြသရသေးတဲ့ ၁၉ နှစ်အရွယ်ကစားသမားအတွက် အငှားချကြေးက ယူရို ၅ သန်း တောင်းဆိုခဲ့တာကြောင့် နောက်ဆုတ်ခဲ့တာလို့ သိရပါတယ်။