မန်ချက်စတာ ယူနိုက်တက် ဂါနာချို ကို ရောင်းဖို့ စီစဉ်ပြီးမှ ပယ်ဖျက်လိုက်တဲ့ အကြောင်းအရင်း ထွက်လာ

ပြီးသွားပြီ ဖြစ်တဲ့ ဇန်နဝါရီ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဂါနာချို ကို ရောင်းချချင်ခဲ့ပြီး ဝယ်ချင်တဲ့ ကလပ်၊ ကမ်းလှမ်းတဲ့ ကလပ်တွေ ရှိတဲ့ကြားကနေ အကြောင်း တစ်ချက်ကြောင့် မရောင်းဘဲ နောက်ဆုတ်ခဲ့တယ် လို့ သိရပါတယ်။

အကယ်ဒမီထွက် အသက် ၂ဝ အရွယ် တောင်ပံတိုက်စစ်သမားကို နာပိုလီက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သလို ချယ်ဆီးကလည်း မေးမြန်း ချိတ်ဆက်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဆုံးမှာတော့ ယူနိုက်တက် ဟာ ဂါနာချို ကို ရောင်းလိုက်ရင် ပရိသတ်တွေရဲ့ ငြိုငြင်မှု ခံရမှာ စိုးရိမ်တာကြောင့် မရောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ထုတ်လာပါတယ်။

အကယ်ဒမီထွက် homegrown ကစားသမား ရောင်းချမှုဟာ အသင်းရဲ့ အမြတ်ငွေ အဖြစ် အပြည့်အဝ စာရင်း ဝင်မှာ ဖြစ်လို့ ယူနိုက်တက်ဟာ အသင်း ဘဏ္ဍာရေး ဟန်ချက် ထိန်းညှိချင်တာကြောင့် ဂါနာချို ကို ရောင်းချချင်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်း ကိုယ်တိုင်လည်း ဂါနာချို ကို သဘောကျပေမယ့် အသင်း အနေအထား အရ ရောင်းဖြစ်မလား မပြောနိုင်သေးကြောင်း မတင်မကျသာ အင်တာဗျူးတွေမှာ ပြောခဲ့ပါသေးတယ်။

ဂါနာချို ဟာ ဒီရာသီ ယူနိုက်တက် အတွက် ၈ ဂိုး သွင်း၊ ၆ ဂိုး ထောက်ပံ့မှု လုပ်ထားကာ အသင်းရဲ့ အဓိက ကစားသမား အဖြစ် အသုံးတော် ခံထားသူ ဖြစ်ပါတယ်။