ယူနိုက်တက်မှာ နေရာ မရနိုင်လို့ ရာသီကုန်ထိ အငှားနဲ့ ထွက်ခွာသွားပြီ ဖြစ်တြ့ ဘယ်နောက်ခံလူ မာလာစီယာ
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ တိုင်ရဲလ်မာလာစီယာဟာ ပီအက်စ်ဗွီသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ မာလာစီယာဟာ ဒဏ်ရာကြောင့် ၁၇ လကြာ အနားယူရပြီးနောက် နိုဝင်ဘာလတုန်းက ပြန်လည် ကစားလာနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
နယ်သာလန်လက်ရွေးစင်ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဖီယင်နုမှ ယူနိုက်တက်သို့ ပေါင် ၁၃ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် လက်ချီမှ ဒိန်းမတ်လက်ရွေးစင်ဘယ်နောက်ခံလူပက်ထရစ်ဒေါ်ဂူအား ခေါ်ယူခဲ့ပါတယ်။
ဒါကြောင့်လည်း ယခုရာသီမှာ ၈ ပွဲတည်းသာ အကန့်အသတ်ဖြင့် ကစားလာရတဲ့ မာလာစီယာအနေဖြင့် နေရာရရှိရေး ပိုမို ခက်ခဲလာနိုင်မှုနှင့်အတူ အသင်းပြောင်းရန် ဆုံးဖြတ်လာရတာပါ။
အဲရစ်တန်ဟက် လက်ထက် ယူနိုက်တက်သို့ ပထမဆုံးရောက်လာတဲ့သူအဖြစ် ရောက်လာတဲ့ မာလာစီယာဟာ ယူနိုက်တက်အတွက် ၄၇ ပွဲကစားပေးခဲ့ပါတယ်။
သူဟာ ပီအက်စ်ဗွီသို့ မပြောင်းမီ ဘင်ဖီကာသို့ ပြောင်းရေး ဆွေးနွေးမှု ပျက်ပြယ်သွားခဲ့သူလည်း ဖြစ်ပါတယ်။
ပီအက်စ်ဗွီဟာ ဒတ်ချ်အမှတ်ပေးဇယားအား ဒုတိယနေရာမှ အေဂျက်စ်ကို ၂ မှတ်ဖြတ်ကာ ဦးဆောင်ထားပြီး ချန်ပီယံလိဂ်ပလေးအော့ဖ် အဆင့်တွင် ဂျူဗင်တပ်နှင့် ရင်ဆိုင်ကစားရပါမယ်။