နည်းပြ အမိုရင် သဘောမကျတဲ့ ယူနိုက်တက် ကစားသမား ၂ ဦး ရှိမယ် လို့ နဗီး ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက်ကို ပေါင် သန်း ၁၀၀ ဝန်းကျင် ကုန်ကျစေခဲ့တဲ့ ကစားသမား ၂ ဦး အား နည်းပြ အမိုရင်က သဘောမကျဘူးလို့ သရဲနီဟောင်း ဂယ်ရီ နဗီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နည်းပြ အမိုရင် အစိုးရိမ်ရဆုံးနေရာကတော့ တိုက်စစ်ဖြစ်ခဲ့ပြီး လိဂ် ၂၈ ပွဲမှာ ၂၄ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟွိုင်လန်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ဂိုးသာ သွင်းယူထားနိုင်သေးပြီး ဂျိုရွှာ ဇာဇီးကလည်း ဒိန်းမတ်တိုက်စစ်မှုးထက် ၁ ဂိုးပဲ ပိုသွင်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

အမိုရင်ဟာ တိုက်စစ်မှူး ၂ ဦးအပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးခဲ့ပြီဆိုတာကို ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အရန်ခုံထိုင်ခိုင်းပြီး ပြသခဲ့တာဖြစ်ပါတယ်။

အမိုရင်က ကော်ဘီ မိန်းနူးကို နောက်ချန်တိုက်စစ်မှူးအနေနဲ့ ကစားခိုင်းခဲ့ပြီး ဂယ်ရီ နဗီးက ပေါ်တူဂီလူမျိုးရဲ့ ပုံမှန်မဟုတ်တဲ့ နည်းဗျူဟာက မှားယွင်းခဲ့ပြီး ရှိနေတဲ့ တိုက်စစ်မှုး ၂ ဦးစလုံးကို မနှစ်သက်ကြောင်း ပြသခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

“ကျနော် တွေးမိတာကတော့ အရာ နှစ်ခုတည်းကတစ်ခုပဲဖြစ်လိမ့်မယ်။ အဲဒီကစားကွက်က အလုပ်ဖြစ်နိုင်မလားဆိုတာကို သူသိချင်လို့ စမ်းသပ်ကြည့်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း သူ့မှာရှိနေတဲ့ တိုက်စစ်မှုးတွေကိုသဘောမကျလို့ ဖြစ်နိုင်တယ်။

ပွဲထွက်လူစာရင်းကို ကျွန်တော် တွေ့လိုက်ရတဲ့အခါမှာ တိုက်စစ်မှုးနေရာမှာ ဘရူနို ဒါမှမဟုတ် ဂါနာချိုကို မြင်ရလိမ့်မယ်လို့ထင်ခဲ့တာပါ။ ကော်ဘီ မိန်းနူးကိုမြင်လိုက်ရတဲ့အချိန်မှာအရာအားလုံးက လုံးဝ ပြီးပြည့်စုံနေမှရတော့မယ်။

ပဲလေ့စ်ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ အဲဒီကစားကွက်ကို သူတို့က ပိုကြိုက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မန်ယူနိုက်တက်မှာ ဂိုးသွင်းမယ့်သူ မရှိတာကြောင့်ပါ။ အဲဒီနေရာမှာ ဟွိုင်လန်းသာ ရှိနေခဲ့မယ်ဆိုရင်တော ကြောက်ရွံ့သွားလိမ့်မယ်လို့ ကျွန်တော် ပြောချင်တာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှု‌ ပေးနိုင်မယ့် သူတစ်ယောက်တော့ရှိနေဦးမှာပေါ့။ ဇာဇီး ကလည်း လူကောင်ကြီးတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ ဒီကစားသမားတွေကအရမ်းကောင်းတယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူး။

ဒါပေမဲ့ ပွဲထွက်လူစာရင်းကိုမြင်လိုက်ရတဲ့အခါမှာ ပဲလေ့စ်က ဒါကိုသဘောကျလိမ့်မယ်လို့ကျွန်တော်တွေးမိတယ်။ မန်ယူနိုက်တက်က ဘယ်လိုဂိုးသွင်းမလဲ ဆိုတာလဲ ကျွန်တော် မမြင်တော့ဘူး။ ဘယ်ကနေ ဘယ်လို အဲဒီလိုဖြစ်လာတာလဲ။ အသင်းက မြင်နေကြ ပုံစံအတိုင်းမျိုး မဟုတ်ဘူးဆိုရင်တော့ မမှန်ကန်ပါဘူး။

ရူဘင် အမိုရင်ဝင်ကစားရင်တောင်မှ ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်တွေးမိခဲ့တယ်။ မန်ယူနိုက်တက်က သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ ကစားကွက်ကြောင့် ခေါ်ယူခဲ့တာလို့ ကျနော်တွေးမိခဲ့တာပါ။

ကျနော်တို့မြင်ခဲ့ရတာကတော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ အဲဒါကအများကြီးပိုဆိုးခဲ့ပြီး အံ့အားသင့်စရာဖြစ်ခဲ့တယ်။ ရာသီအကုန်လောက်မှာ ဒီထက်ပိုပြီးနာကျင်ရမယ့်ဟာတွေ အများကြီး တွေ့ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။