ချယ်ဆီး ပစ်မှတ် ယူနိုက်တက်အသင်းသား နှစ်ဦး အတွက် ပြောင်းရွှေ့ကြေး ဈေးသတ်မှတ်

လာမယ့် နွေမှာသာ ချယ်ဆီးအသင်းက ယူနိုက်တက် လူငယ်ကြယ်ပွင့် မိုင်နူးကို ခေါ်ယူရေး ဆက်လက် စိတ်ဝင်စားနေမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကတော့ အနည်းဆုံး ပေါင် သန်း ၈ဝ ရရင် ရောင်းချမယ် လို့ သိရပါတယ်။

မိုင်နူးရဲ့ လက်ရှိ စာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက် လူငယ်ကစားသမားလေးရဲ့ အခြေအနေကို ချယ်ဆီးက စောင့်ကြည့်နေပါတယ်။

ဂါးဒီးယန်း သတင်း အဆိုအရ ယူနိုက်တက်ဟာ လာမယ့်နွေမှာလည်း ဂါနာချို ကို ရောင်းချဖို့ ထပ်မံ ကြိုးစားမှာ ဖြစ်သလို မိုင်နူး အတွက်လည်း ကမ်းလှမ်းမှုကောင်း ရရင် လက်ခံသွားမယ် လို့ သိရပါတယ်။

ဂါနာချို အတွက်တော့ ယူနိုက်တက်က ပေါင် သန်း ၇ဝ ရရင် ရောင်းချမှာ ဖြစ်ပြီး မိုင်နူး အတွက် ပေါင် သန်း ၈ဝ ထက် များတဲ့ ကမ်းလှမ်းမှု ရရင် လက်ခံသွားမှာပါ။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် PSR စည်းမျဉ်းနဲ့ ညီအောင် ထိန်းညှိသွားဖို့ ကြိုးစားနေပြီး အကယ်ဒမီထွက် ကစားသမားတွေ ရောင်းချခြင်းကနေ အမြတ်ငွေ အပြည့် ပြန်စာရင်းပြဖို့ ရည်ရွယ်ထားတာပါ။

ယူနိုက်တက်ဟာ ဇန်ဝါရီလထဲမှာ အသက် ၂ဝ အရွယ် တောင်ပံခံစစ်သမား ပက်ထရစ် ဒေါ်ဂူ ကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူထားသလို အာဆင်နယ်မှ အသက် ၁၈ နှစ် အရွယ် နောက်ခံလူ အေဒန် ဟေးဗန်းကိုလည်း ပေါင် ၁သန်းခွဲနဲ့ ခေါ်ယူထားပါတယ်။