ပေါ့ဘာကို ခေါ်ထားဖို့ နည်းပြ အမ်မိုရင်းအား တောင်းဆိုလိုက်တဲ့ သရဲနီဟောင်းကြီး ဖာဒီနန်

သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က အသင်းလက်မဲ့ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါလ် ပေါ့ဘာကို ယူနိုက်တက်မှာ ထရိန်နင် လာဆင်းဖို့ ခွင့်ပြုပေးသင့်ကြောင်း လက်ရှိ ယူနိုက်တက် နည်းပြ အမ်မိုရင်းအား တိုက်တွန်းလိုက်ပါတယ်။

ပင်ကိုယ် အရည်အသွေး ရှိတဲ့ ပေါ့ဘာဟာ ပြန်လည် တောက်ပဖို့ အခွင့်အရေး ပေးခံရသင့်တယ် လို့ ဖာဒီနန်က ယုံကြည်နေပြီး ယူနိုက်တက် အသင်းနဲ့သာ ပြန် လေ့ကျင့်ခွင့် ရရင် ကြံ့ခိုင်မှု ပြန်ကောင်းလာမယ်၊ ဘောလုံး ပြန်ကစားနိုင်မယ် မျှော်လင့်ထားတာပါ။

” ကျွန်တော်သာ (ယူနိုက်တက် တာဝန်ရှိသူ) ဆိုရင် .. ‘ မင်း လာပါကွာ.. ငါတို့နဲ့ အတူ လာ လေ့ကျင့်လှည့်။ မင်းမှာ ဘာအရည်အသွေးတွေ ရှိလဲ ကြည့်ရအောင် ‘ လို့ ပြောမိမှာ။

အခုနေ ပြောတောင် ပြောပြီးနေလောက်ပြီ။ အတူ လာလေ့ကျင့်ပြီး fit ဖြစ်အောင် လုပ်ခိုင်းမှာ။ ” လို့ ဖာဒီနန်က ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ပေါလ် ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲတာကြောင့် ဘောလုံး ကစားခြင်းကနေ ၁၈ လ ကြာ ပိတ်ပင်ခံခဲ့ရပြီး ပြစ်ဒဏ် ပြီးဆုံးခါနီးမှာ ဂျူဗင်တပ်အသင်းနဲ့ နှစ်ဘက် သဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ မတ်လထဲ ဆို ဘောလုံး ပြန်ကစားခွင့် ရမှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ကွင်းလယ်သမားဟာ ဂျူဗင်တပ်နဲ့ စာချုပ်ဖျက်ခဲ့ပြီးနောက် အခုထိ ကလပ်အသင်းသစ် ရှာဖွေနေဆဲ ဖြစ်ပါတယ်။