မန်ချက်စတာ ယူနိုက်တက်ကို လုံးဝ စိတ်နာသွားပြီး ပြန်မလာချင်တော့တဲ့ သရဲနီကြယ်ပွင့်
ရာသီကုန်ထိ အက်စ်တွန်ဗီလာအသင်းထံ အငှားနဲ့ ထွက်ခွါသွားခဲ့တဲ့ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းဟောင်းထံ ပြန်လည် လာရောက် ကစားဖို့ အစီအစဉ်မရှိတော့ကြောင်း သိရှိရပါတယ်။
လက်ရှိ နည်းပြ အမိုရင်နဲ့ အတော်လေး ဆက်ဆံရေး အေးစက်သွားခဲ့ပြီ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဗီလာအသင်းထံ အငှားထွက်ခွါသွားခဲ့ပြီ ဖြစ်ပြီး အပြီးသတ် ပြောင်းရွှေ့ခွင့်ပါ ထည့်သွင်းချုပ်ဆိုသွားခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို သုံးသပ်ပြီး အသင်းထံ ပြန်လည် အခွင့်အရေးပေးဖို့ စီစဉ်ထားပေမယ့် ကစားသမားကတော့ အသင်းထံ ပြန်လည်လာရောက်ကစားလိုခြင်း မရှိတော့ပဲ အက်စ်တွန်ဗီလာ အသင်းနဲ့သာ ဆက်လက် ပူးပေါင်းသွားဖို့ ဆန္ဒရှိနေပါတယ်။
The Guardian သတင်းစာရဲ့ အဆိုအရ ရက်ရှ်ဖို့ဒ် အဓိက ပေါက်ကွဲသွားခဲ့တာက နည်းပြ အမိုရင်အပေါ် ပိုမို မျက်နှာသာပေးတဲ့ အသင်းရဲ့ လုပ်ရပ်အပြင် လက်ရှိ နည်းပြ အမိုရင်ရဲ့ တစ်ဖက်သက်ဆန်တဲ့ ဆုံးဖြတ်ချက်တွေကို စိတ်နာသွားခဲ့ရတာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပေါင် သန်း ၄၀ နဲ့ ဗီလာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ခွင့် ရရှိထားပြီး ဗီလာအသင်းကလည်း ယခုရာသီ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းတွေကိုသာ ယခုထက်ပိုမို တောက်ပလာအောင် ထုတ်ဖော်နိုင်ခဲ့ပါက အပြီးသတ် ဝယ်ယူပြီး အဆိုပါ ၂၇ နှစ်သားကို ဈေးကွက်ထဲ ပြန်လည် ပို့ဆောင်သွားဖို့ ရှိနေပါတယ်။