အိုရီဂီ အစွမ်းကို လီဗာပူးအသင်းက လူတွေထက် ဘယ်သူ ပိုသိမလဲ လို့ အမွှန်းတင်လိုက်တဲ့ ကလော့ပ်

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အိုရီဂီဟာ အသင်း ဂန္တဝင် ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အိုရီဂီဟာ လီဗာပူးအသင်းကို စတင် ရောက်ရှိတဲ့ အချိန်ထဲက အသင်းရဲ့ ဦးစားပေး တိုက်စစ်မှူး ဖြစ်ခွင့်မရပဲ အရန် ကစားသမား အဖြစ်သာ ကျင်လည်ခဲ့ရပေမယ့် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးနဲ့ ချေပဂိုး များစွာကို သွင်းယူပေးထားနိုင်ပြီး ဒါကြောင့်လည်း ဝုဗ်အသင်းနဲ့ ပွဲစဉ်အပြီးမှာပဲ ကလော့ပ်က အိုရီဂီ ဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အိုရီဂီ က – “ပွဲကတော့ ရိုးရှင်းပါတယ်။ ကျွန်တော်တို့က အနိုင်ဂိုး မရသေးလို့ အနိုင်ဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ အော်ရီဂီ ၊ အသင်းရဲ့ ဂန္တဝင်ကြီးက ကွင်းထဲကို ဝင်လာပြီး အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က အိုရီဂီကို သဘောကျတယ်။

အိုရီဂီ က အဆုံးသတ်ပိုင်း အရမ်းကို ကောင်းမွန်တဲ့ ကစားသမားပါ။ သူ့ရဲ့ အရည်အချင်းကို ကျွန်တော်တို့ လီဗာပူးအသင်းက လူတွေက မသိရင် ဘယ်သူက သိမှာလဲဗျာ။ သူ့ရဲ့ အဆုံးသတ် စွမ်းရည် ဘယ်လောက် ကောင်းလဲ ဆိုတာကိုလည်း ကျွန်တော်တို့တွေ မကြာခဏ မြင်တွေ့ပြီးပါပြီ” လို့ အမွှန်းတင် ချီးကျူးခဲ့တာပါ။

အသက် ၂၆နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး အိုရီဂီ ဟာ လီဗာပူးအသင်းရဲ့ ပဉ္စမ ဦးစားပေး တိုက်စစ်မှူး တဦး ဖြစ်သလို ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၃၈ မိနစ်သာ ကစားထားရပေမယ့် အသင်း အတွက် အဖိုးတန် သွင်းဂိုးတွေကို သွင်းယူပေးထားနိုင်သူပါ။

ZG

လီဗာပူးအသင္းရဲ႕ နည္းျပျဖစ္သူ ယာဂင္ ကေလာ့ပ္ ကေတာ့ ယမန္ေန႔ညမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ဝုဗ္အသင္းနဲ႔ ပြဲစဥ္မွာ အသင္းအတြက္ ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး အိုရီဂီဟာ အသင္း ဂႏၲဝင္ ကစားသမား ျဖစ္ေၾကာင္း ပြဲအၿပီးမွာ ထုတ္ေဖာ္ ခ်ီးက်ဴးသြားခဲ့ပါတယ္။

အိုရီဂီဟာ လီဗာပူးအသင္းကို စတင္ ေရာက္ရွိတဲ့ အခ်ိန္ထဲက အသင္းရဲ႕ ဦးစားေပး တိုက္စစ္မႉး ျဖစ္ခြင့္မရပဲ အရန္ ကစားသမား အျဖစ္သာ က်င္လည္ခဲ့ရေပမယ့္ အသင္းအတြက္ အဖိုးတန္ အႏိုင္ဂိုးနဲ႔ ေခ်ပဂိုး မ်ားစြာကို သြင္းယူေပးထားႏိုင္ၿပီး ဒါေၾကာင့္လည္း ဝုဗ္အသင္းနဲ႔ ပြဲစဥ္အၿပီးမွာပဲ ကေလာ့ပ္က အိုရီဂီ ဟာ အသင္းရဲ႕ ဂႏၲဝင္ ကစားသမား တဦး ျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

အိုရီဂီ က – “ပြဲကေတာ့ ႐ိုးရွင္းပါတယ္။ ကြၽန္ေတာ္တို႔က အႏိုင္ဂိုး မရေသးလို႔ အႏိုင္ဂိုး သြင္းယူႏိုင္ဖို႔ ႀကိဳးစားခဲ့တယ္။ ၿပီးေတာ့ ေအာ္ရီဂီ ၊ အသင္းရဲ႕ ဂႏၲဝင္ႀကီးက ကြင္းထဲကို ဝင္လာၿပီး အသင္းအတြက္ လိုအပ္ေနတဲ့ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က အိုရီဂီကို သေဘာက်တယ္။

အိုရီဂီ က အဆုံးသတ္ပိုင္း အရမ္းကို ေကာင္းမြန္တဲ့ ကစားသမားပါ။ သူ႔ရဲ႕ အရည္အခ်င္းကို ကြၽန္ေတာ္တို႔ လီဗာပူးအသင္းက လူေတြက မသိရင္ ဘယ္သူက သိမွာလဲဗ်ာ။ သူ႔ရဲ႕ အဆုံးသတ္ စြမ္းရည္ ဘယ္ေလာက္ ေကာင္းလဲ ဆိုတာကိုလည္း ကြၽန္ေတာ္တို႔ေတြ မၾကာခဏ ျမင္ေတြ႕ၿပီးပါၿပီ” လို႔ အမႊန္းတင္ ခ်ီးက်ဴးခဲ့တာပါ။

အသက္ ၂၆ႏွစ္ အ႐ြယ္ ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္ တိုက္စစ္မႉး အိုရီဂီ ဟာ လီဗာပူးအသင္းရဲ႕ ပၪၥမ ဦးစားေပး တိုက္စစ္မႉး တဦး ျဖစ္သလို ယခုႏွစ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ စုစုေပါင္း ၃၈ မိနစ္သာ ကစားထားရေပမယ့္ အသင္း အတြက္ အဖိုးတန္ သြင္းဂိုးေတြကို သြင္းယူေပးထားႏိုင္သူပါ။