ဂျု့ဒ် ဘယ်လင်ဟမ် ရွေးတဲ့ အကောင်းဆုံး ၅ ဦး အသင်းမှာ ယူနိုက်တက် ကစားသမား တစ်ဦး ပါဝင်
ရီးရဲမက်ဒရစ်နဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ တခါတုန်းက သူ့ရဲ့ အကောင်းဆုံး ၅ ဦးအသင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားတစ်ဦးကို ထည့်သွင်းခဲ့ပါတယ်။
အသက်၂၁နှစ်အရွယ် ကွင်းလယ် ကစားသမားဟာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရပြီး ဖြစ်ပါတယ်။
ဘာမင်ဟမ်အကယ်ဒမီကနေထွက်ပေါ်လာခဲ့တဲ့ ဘယ်လင်ဟမ်ဟာ ဒေါ့မွန်နဲ့အတူ တောက်ပခဲ့ပြီးနောက် ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၄ ဘလွန်ဒေါဆုအတွက် ရပ်တည်မှုမှာ အဆင့်သုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ခုနှစ်တုန်းက ဘယ်လင်ဟမ်ဟာ သူနဲ့အတူတကွ ငါးဦးအသင်းအတွက် ကစားသမားလေးဦးကို ရွေးချယ်ဖို့တောင်းဆိုခြင်း ခံခဲ့ရပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားက ရီးရဲနဲ့ ပြင်သစ်ဂန္တဝင် ဇီဒန်းနဲ့အတူ ဒေါ့မွန်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဟာလန်း၊ မာကို ရွိုက်စ်၊ ဆန်ချိုတို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်ကနေပြီးတော့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီမှာချဲဆီးကို အငှားချခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အသက်၂၄နှစ်အရွယ် တောင်ပံကစားသမားဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ၂၁ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။
ဆန်ချိုကိုဘာကြောင့် ရွေးချယ်ခဲ့တာလဲ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့ရာမှာ ဘယ်လင်ဟမ်က
“ဟုတ်ပါတယ်။ ကျနော်ဒေါ့မွန်ကိုသွားခဲ့တယ်။ ပထမဆုံးနေ့ကနေစပြီး ဆန်ချိုက ကျွန်တော်ကို စောင့်ရှောက်ခဲ့တယ်။ ကျနော် အဆင်ပြေရဲ့လားဆိုတာကို သူ အမြဲတမ်းကြည့်နေခဲ့တယ်။
ပွဲစဉ်အတွင်းက သူ့ရဲ့စိတ်အခြေအနေကို လိုက်မှီအောင် လုပ်လို့မရပါဘူး။ သူကစားတဲ့ပုံစံက ကောင်းမွန်ပြီး စတိုင်တစ်ခုနဲ့ သူကစားခဲ့တယ်။ ကွင်းပြင်ပမှာလည်း သူ့မှာ စတိုင်တစ်ခုရှိတယ်လို့ ထင်တယ်။
သူက အရမ်းကောင်းတဲ့ စိတ်ခံစားချက်လည်းရှိပြီးတော့အကောင်းမြင်တတ်ပါတယ်။ အဲဒါက ကစားသမားတော်တော်များများကို ကူးစက်စေခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။