အမိုရင် ကစားကွက်နဲ့ အခင်းအကျင်းတွေကို စိတ်ပျ-က်နေတဲ့ သရဲနီဟောင်းကြီး ပေါ စခိုးလ်
ပြီးခဲ့တဲ့ သောကြာနေ့ညက လက်စတာကို အနိုင်ရပြီး ယူနိုက်တက်အသင်း အက်ဖ်အေဖလား ပဉ္စမအဆင့်ကိုတက်ရောက်နိုင်ခဲ့ပေမယ့် ထို ပွဲစဉ်က နည်းပြ အမိုရင်ရဲ့ နည်းဗျူဟာကို သရဲနီဟောင်းကြီး ပေါ စခိုးကက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
မန်ယူနိုက်တက်ဟာ ထိုပွဲ ပထမပိုင်းအတွင်း စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကိုပြသခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ လက်စတာရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ပေါင်၂၉သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ပက်ထရစ် ဒေါ်ဂူဟာ ပွဲထွက်ခွင့်ပေးခြင်း ခံခဲ့ရပေမယ့် လက်ချီမှာ ကစားခဲ့တဲ့နေရာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ညာတောင်ပံမှာ အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။
မန်ယူနိုက်တက်ဟာ ပထမပိုင်း ၄၅မိနစ်အတွင်းမှာ ဂိုးပေါက်ကန်သွင်းမှုကို တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ဘဲ ဦးဆောင်ဂိုးကို အရင် ခွင့်ပြုပေးခဲ့ရတာပါ။

ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါ စခိုးက နည်းပြ အမိုရင်ရဲ့ ကစားကွက်ကို သူ မနှစ်သက်ဘူးဆိုတဲ့ အကြောင်းကိုရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။။
ပေါ စခိုးက သူ့ရဲ့ အင်စတာဂရမ် စတိုရီမှာ “inverted နောက်ခံတောင်ပံတွေ။ ပထမဆုံးပွဲမှာပဲ ခင်ဗျား မြင်တွေ့ခဲ့ရတယ်။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
အမိုရင်က ပထမပိုင်းပြီးမှာသူ့ရဲ့အလုပ်မဖြစ်တဲ့ကစားကွက်ကိုပြင်ဆင်တဲ့အနေနဲ့ ဒေါ်ဂူကို ထုတ်ပြီး ဂါနာချိုကို ထည့်သွင်းကစားခဲ့တဲ့အချိန်ကျမှ ကစားပုံတိုးတက်လာပြီး ဇာဇီးက ချေပဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲပြီးဆုံးလို့ နာကျင်အချိန်ပို သုံးမိနစ်မှာ မက်ဂွိုင်းယားက နောက်ကျအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပြီး သရဲနီတို့ရဲ့နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။